Chapter - 119

7.8K 1.1K 115
                                    

Unicode
~~~~~~~

လူ ၂ ယောက် တစ်ယောက်ကိုတစ်ယောက် ပခုံးတွဲပြီး ရပ်နေပုံက အားလုံးအမြင်မှာထူးဆန်းနေပြီး ရှန်ဟွှာရဲ့သခင်ကြီးက ထိုမျှလောက်မူးအောင် သောက်ထား၍ နောက်လိုက်များအားလုံး အနားပင်မကပ်ရဲကြခြေ …

" ရှန်ဖန်းဂူ မင်းအသက်လဲကြီးနေပြီ … ခုထိအသောက်အစား မဆင်ချင်သေးဘူးလား "

ကျန်းရှုယွမ်က ဖန်းဂူကို တွဲပေးရင်း ဆူငေါက်လိုက်တယ် … ရှန်ဟွှာအိမ်တော်ကနေ ပြန်လာပြီးနောက် အိမ်သို့မပြန်သေးပဲ သူ့ရဲ့ကိုယ်ပိုင်ဘားတစ်ခုထံဝင်ကာ အရက်သောက်နေခြင်းပင် … အားလုံးက ဖန်းဂူလူတွေမို့ ယုံကြည့်စိတ်ချရပြီး ရှုယွမ်ကိုလဲ အနှောက်အယှက်မပေးချေ …

" မင်းငါ့ကို တားစရာမလိုဘူး … ငါမမူးသေးဘူး "

ခြေပင်မခိုင်တော့တဲ့လူက နောက်ထပ် တစ်ပုလင်းဆွဲယူရန်ပြင်နေ၍ ရှုယွမ်မနည်းတားစီးလိုက်ရတယ် …

" တော်တော့ … မင်းမှောက်သွားရင် မြောင်းထဲပြစ်ချခဲ့မှာ "

" မင်းက တော်တော်ရက်ဆက်ပြီးအသဲမာတဲ့ကောင်ပဲ … ဟမ် … ငါမင်းကိုကြောက်မယ်ထင်နေလား … မင်းနဲ့ငါချမလား … ဘယ်သူအရင်မြောင်းထဲ ရောက်မလဲ ကြည့်ရအောင် "

" ငါကအမူးသမားတွေကို အနိုင်ကျင့်ရမှာစိတ်မပါဘူး "

" ဟက် … ငါကမူးနေပေမဲ့ မင်းကိုကောင်းကောင်း လက်စွမ်းပြနိုင်သေးတယ် "

ပြောရင်းနှင့်ပင် သူ့အားတွဲကိုင်ပေးထားတဲ့ ရှုယွမ်လက်တွေကို ဆွဲလိမ်ကာ တိုက်ခိုက်လေတော့တယ် … ခြေမခိုင်တော့ပဲ တောင်ယိုင်မြောက်ယိုင်ဖြစ်နေပြီး မျက်လုံးပင်ကောင်းကောင်းမဖွင့်နိုင်တဲ့ အမူးသမားတစ်ယောက်ရဲ့ ခွန်အားများကအထိန်းအချုပ်မဲ့ကာ ရှုယွမ်အား အသာလေးတိုက်ခိုက်လိုက်နိုင်တယ် … ရှန်ဖန်းဂူကို အထင်သေးမိသွားတဲ့ရှုယွမ် ရင်ဘက်နဲ့ ကျောကုန်း အထိုးခံရ၍ နာကျင်သွားကာ အော်လေတော့တယ် …

" မူးမူးရူးရူးနဲ့ ငါ့ကိုဘာလို့လာထိုးနေတာလဲ ခွေးကောင် "

" မင်းငါ့ကို အရင်းဆုံးရန်လာစတာလေ … မကျေနပ်ရင် လာပြန်ထိုး "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now