Chapter - 1

162K 7.1K 130
                                    

#Unicode

တရားမျှတမှုမရှိတဲ့ကမ္ဘာကြီး ... စွမ်းအားကြီးတဲ့ အယ်ဖာ တွေက ရှားပါးလွန်းတဲ့ အိုမီဂါ တွေကို မတရားတမှု သိမ်းပိုက်ကြတယ် ...

နိမ့်ကျတဲ့ အိုမီဂါ တွေက အနိုင်ကျင့်တဲ့ အယ်ဖာတွေကို တောင်းပန်ပြီး ပင်ပန်း ခက်ခဲစွာနဲ့ အသက်ရှင်နေထိုင်ရတယ် ...

ဒီလိုကမ္ဘာကြီးမှာ အိုမီဂါအဖြစ်နဲ့ မွေးဖွားလာခဲ့တာကို ဘယ်သူ့ကိုအပြစ်တင်သင့်လဲ ... ?

*

*

*

" ပိုင်မင်းယွီ "

ဟုတ်ပါတယ် ... ဒီလိုကမ္ဘာကြီးထဲမှာ ကံဆိုးစွာနဲ့ အိုမီဂါအဖြစ် မွေးဖွားလာခဲ့သူက ပိုင်မင်းယွီဆိုတဲ့ ကျွန်တော်ပါပဲ ...

တစ်သက်နဲ့တစ်ကိုယ် ဘီတာ တစ်ယောက်လို့ ထင်မှတ်ခဲ့သမျှ အသက် ၂၅ ပြည့်နှစ်မှာပဲ ကံဆိုးလွန်းတဲ့ အိုမီဂါဖြစ်နေတယ်ဆိုတာကို သိခဲ့ရတယ် ... အဲ့ဒိအချိန်ကစပြီး ကံဆိုးမှုတွေ စတင်တော့တာပဲ ...

" မင်းက ဘီတာ တစ်ယောက်ဆိုတာ လိမ်လည်ထားတာပဲ ...

ဒီနေရာက အယ်ဖာတွေအများဆုံး လာတာမို့ မင်းလို အိုမီဂါ ရှိနေလို့မပြစ်ဘူး ...

ခုချက်ချင်း အလုပ်ထွက်ပါ "

ဟုတ်ပါတယ် ... တကယ်ကို မတရားတဲ့ကမ္ဘာကြီးပါ ... ဘာကြောင့် အိုမီဂါတွေကလဲ သာမာန်လူတွေလို အလုပ်မလုပ်နိုင်ရတာလဲ ...

နေရာတိုင်းမှာ အိုမီဂါတွေအတွက် နေရာမရှိဘူး ... ကံဆိုးလွန်းတဲ့ အိုမီဂါတွေက ဆင်းရဲပြီး အယ်ဖာတွေရဲ့အနိုင်ကျင့်မှုကိုပဲ ခံနေရတာက တရားဥပဒေအရ အရေးယူမရတဲ့အပြင် သူ့တို့အားလုံးက အားကိုရာမဲ့ပြီး နောက်ဆုံး ဘဝကိုအဆုံးသတ်ပြစ်ကြတယ် ...

အိုမီဂါတွေရဲ့ အလုပ်က ကလေးမွေးပြီး အိမ်မှုကိစ္စအတွက်ပဲလို့ သူတို့က မှတ်ယူထားကြတယ် ... တကယ်ကိုဟာသပဲ ...

ဒါဆို ဘဝသမား အိုမီဂါတွေက လူဂုဏ်ထန် အယ်ဖာတွေရဲ့ အနိုင်ကျင့်မှုကိုခံရပြီး သူတို့ဘဝတစ်ခုလုံးကစားဖို့အတွက် အရုပ်တစ်ရုပ် အဖြစ်ခံရမှာလား ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now