Chapter - 118

9.8K 1.2K 60
                                    

Unicode
~~~~~~~

ရှန်ဟွှာအိမ်တော် ……

သခင်ကြီးဟွှာရန်းက ကျန်းမာရေးမကောင်းသည့်ကြားက ရှန်ဟွှာကိုတိုက်ခိုက်ဖို့ကြိုးစားနေသူတွေကို ငြိမ်မခံပဲ စုံစမ်းစစ်ဆေးနေတယ် … အမှောင်လောကကြီးက မတည်ငြိမ်တော့၍ အရင်ကလိုငြိမ်နေ၍မဖြစ်တာကြောင့် ကိုယ်တိုင်ပါဝင်ဖို့ဆုံးဖြတ်လိုက်တယ် …

မှောင်ခိုဆေးဝါးကိစ္စဖြစ်ပြီးနောက် ဖန်းဂူရဲ့မိခင် မိုနန်းဦးဆောင်တဲ့ ဟော်မုန်းဆေးထုတ်လုပ်ရေးဟာလဲ ပြည်သူတွေယုံကြည်မှုနည်းလာတယ် … ရှန်ဟွှာရဲ့ဆေးဝါးထုတ်လုပ်ရေးနဲ့အမှောင်လောကရဲ့ဆေးဝါးထုတ်လုပ်ရေးက ပတ်သပ်နေတယ်ဆိုတဲ့ သတင်းမှားကို တစ်စုံတစ်ယောက်ဖြန့်နေပေမဲ့ ထိုလူကမဖမ်းမသေးဘူး … ရှန်ဟွှာရဲ့စီးပွားရေးဟာ စီးဆင်းနေသေးပေမဲ့ ဘယ်အချိန်ရပ်တန့်သွားမလဲဆိုတာမသိနိုင်ဘူး … ဒါတွေအားလုံးကို လုပ်ဆောင်နေသူတွေက တစ်ယောက်ထည်းဆိုတာ ခန့်မှန်းနိုင်တယ် …

လတ်တလောမှာ ဖြစ်ပွားသွားတဲ့ ဆေးဝါးမှားယွင်းမှုကြောင့် ရှန်ဖန်းဂူရဲ့ဦးဆောင်မှုက အောင်မြင်ပေမဲ့ တဖက်ကအထင်လွဲအောင်လုပ်ဆောင်နေတဲ့ အတုအယောင်တွေကြောင့် ပြည်သူတွေဒုက္ခရောက်အောင်လုပ်တဲ့တရားခံကို ဖမ်းပေးဖို့နဲ့ ထိုတရားခံက ရှန်ဟွှာမဟုတ်ကြောင်းသက်သေပြဖို့တောင်းဆိုလာကြတယ် … ထိုအကြောင်းအရာတွေကို ရှန်ဖန်းဂူတစ်ယောက်အလုံးစုံမသိရှိသေးပေ …

ဒီနေ့ထူးထူးခြားခြား ရှုယွမ်တစ်ယောက် မပြောမဆိုနဲ့အပြင်ထွက်သွားတာကြောင့် ဖန်းဂူရုပ်ဖျက်ကာ အနောက်ကနေလိုက်သွားခဲ့တယ် … ရှုယွမ်ကိုအိမ်တော်မှာ နေခွင့်ပေးထားပေမဲ့ ဖန်းဂူသတိမလွတ်စေပဲ အမြဲစောင့်ကြည့်နေတယ် … သူ့တပည့်တွေကိုခိုင်းလို့ရပေမဲ့ ရှုယွမ်ကအလွန်လည်တဲ့သူမို့ သူကိုယ်တိုင်လိုက်ချောင်းနေရတယ် …

ရှုယွမ်က ထူးဆန်းသည့်အမူအယာမပြပဲ သူရင်နီးနေတဲ့နေရာတစ်ခုသို့သွားနေခြင်းဖြစ်တယ် … ထိုနေရာက အဖိုးရှန်ဟွှာရန်းနေတဲ့ ရှန်ဟွှာအိမ်တော်ကိုပင် … အစောင့်တွေကလဲ ရှုယွမ်ကိုမတားစီးပဲပေးဝင်ကြတယ် … ဖန်းဂူက သူ့ရဲ့အိမ်တော်အကြောင်းကောင်းကောင်းသိတာမို့ ဘယ်သူမှမသိတဲ့အပေါက်ကနေဝင်လာခဲ့ပြီး ရှုယွမ်အားမျက်ခြေမပျက်စောင့်ကြည့်နေတယ် … ရှုယွမ်ဧည့်ခန်းထဲကိုရောက်သွားတော့မှ ဖန်းဂူသူတို့နဲ့သိပ်မဝေးတဲ့ အသံကိုပျက်သားစွာကြားနိုင်တဲ့အကွယ်လေးတစ်နေရာမှာဝင်ပုန်းလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now