Chapter - 49

26.7K 4K 558
                                    

#Unicode

အမှောင်ယံည …

လဆန်း ၁ ရက်နေ့ဟာ လပြည့်ညကဲ့သို့ လမင်းကြီးသည် ကောင်ကင်မှာ ထွန်းလင်းမနေတော့၍ တောကြီးအတွင်း၌ တိတ်ဆိတ်ကာ မဲမှောင်လျှက်ရှိနေတယ် … ကို့လူ သူ့လူ မခွဲခြားနိုင်သလို မဲမဲမြင်အကောင်ထင်ပြီး ပြစ်ခပ်နေတဲ့ ဒီပွဲက လူသတ်မိလျှင်တောင် ပြစ်မှုမမြောက်၍ လုပ်ကြံသတ်ဖြတ်ဖို့ အကောင်းဆုံးအချိန်အခါလဲဖြစ်တယ် …

ပွဲစပြီးများမကြာမှီမှာပဲ တိတ်ဆိတ်နေတဲ့တောကြီးအတွင်းမှာ သေနတ်သံများ အစဉ်မပျက်ကြားလာရပြီး ခြုံခိုအဖွဲ့တွေ ထွက်ပေါ်လာခဲ့တယ် … အဖွဲ့သားတွေကို သာမာန်မြေခွေးအုပ်စုနဲ့တိုက်ခိုက်စေပြီးနောက် ဂျိုးလ် ပတ်ဒိုမင်းနှင့် ရှုယွမ်တို့ ၃ ယောက်ဟာ ခင်္သြေ့ရှိနိုင်မည်ထင်သည့် နယ်မြေသို့ ထွက်ခွာလာခဲ့ကြတယ် …

သူတို့နည်းသူ ခင်္သြေ့ကို ရှာဖွေဖို့ တချို့ တချို့သောအုပ်စုများလဲ ထိုနယ်မြေသို့ ရောက်လာကြတယ် … သန်ခေါင်ယံမတိုင်မှီ အချိန်မှာပဲ ထိုနယ်မြေအတွင်းများပြားလှသော လူများ ရောက်လာကြပြီး အားလုံးကတစ်ယောက်ကိုတစ်ယောက် မတိုက်ခိုက်ကြသလို သူတိုရှာနေတဲ့ပြစ်မှတ်ကလဲ တစ်ခုတည်းသာလျှင်ဖြစ်နေတယ်  …

ခုအချိန်အခါက လရောင်ကလဲ ထွက်ပေါ်လာပြီဖြစ်၍ အားလုံးကို ရှင်းလင်းစွာမြင်နေရတယ် … ရှုယွမ်တို့အဖွဲ့က လူအုပ်ထဲမရောပဲ တောရဲ့အစပ်က သစ်ပင်ကြီးအောက်မှာရပ်နေပြီး ခင်္သြေ့ထွက်အလာကို စောင့်နေလိုက်တယ် …

" ရှုယွမ် … မင်းဒီနယ်မြေအကြောင်း ဘာသိထားတာရှိသေးလဲ "

ရှုယွမ်က တိတ်ဆိတ်စွာရပ်နေပြီး ပတ်ဒိုမင်းရဲ့ အမေးစကားကိုကြားလိုက်ရတော့ …

" ကျွန်တော် ဘာမှသိထားတာမရှိဘူး …

ဒီနယ်မြေကိုရောင်ဖူးတာ ပထမဆုံးပဲ "

ဂျိုးလ်က ပြောလာတယ် …

" Mr.ပတ် … ဒီပွဲက ထူးဆန်းမနေဘူးလား …

အမဲလိုက်ပွဲဆိုပေမဲ့ အားလုံးရဲ့ပြစ်မှတ်က ခင်္သြေ့တစ်ကောင်းတည်းဖြစ်နေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now