Chapter - 19

42.9K 4.5K 370
                                    

#Unicode

" ပိုင်မင်းယွီ "

ချူးရှန့် တအံ့တဩရေရွတ်လိုက်မိပြီး ဘေးနားက ဖန်းဂူကိုလှည့်ကြည့်လိုက်သည့်အခါ ပို၍ပင်အံ့အားသင့်သွားလေတယ် …

" သ … သခင်လေး "

ဖန်းဂူလက်သီးကို တင်းကျပ်အောင်ဆုပ်ထားပြီး တည်ငြိမ်နေတဲ့သူ့အကြည့်တွေက ဘေးနားကအဲလက်စ်အား ခုံအုပ်တော့မည့်ခင်္သြေံ့တစ်ကောင်ပမာ စူးရဲနေပြီး ဒီနယ်မြေသာ ဖန်းဂူရဲ့နယ်မြေဆိုလျှင် အကြည့်တစ်ချက်ကြောင့် ပြာကျသွားနိုင်တယ် …

ချူးရှန့်ချက်ချင်းပဲ ဖန်းဂူအား အမြန်တားလိုက်မိတယ် …

" သခင်လေး စိတ်လိုက်မာန်ပါမလုပ်မိစေနဲ့ …

ဒီနေရာက အန္တရာယ်များတယ် …

ကျွန်တော် မင်းယွီကို ခေါ်လာပေးမယ် "

" မလိုဘူး "

သူ့ရဲ့အသံကအေးဆက်လျှက် … မျက်နှာပေါ်က အမူအရာဟာ ဖတ်လို့မရသလို ဒေါသကြောင့်နီမြန်းနေတဲ့မျက်နှာဟာ ရုတ်တရပ် တည်ငြိမ်သွားပြန်တယ် …

" ထွက်ပြေးသွားတဲ့အစေခံတစ်ယောက်ကို အရှင် ဖမ်းခေါ်နေစရာမလိုဘူး "

ဒီစကားရဲ့အဓိပ္ပါယ်က မင်းယွီဟာ သူ့အတွက်တန်ဖိုးမရှိတော့သည့် သေလူသာသာ ဖြစ်သွားပြီး သူ့လက်ကနေ အသက်ရှင်လျှက် ထွက်သွားခွင့်မပြုဘူးဆိုတဲ့အဓိပ္ပါယ်သက်ရောက်နေ၍ ချူးရှန့်ခန္ဓာကိုယ်တစ်ခုလုံး ခဲတောင့်သွားလေတယ် …

ထိုစဉ် စဉ်မြင်ထက်က အဲလက်စ်ရဲ့အသံကရုတ်တရပ်ထွက်ပေါ်လာတယ် …

" ဒီနေ့ကို ကြွရောက်လာကြတဲ့ ဧည်ပရိတ်သပ်အပေါင်း ကျေးနပ်ဝမ်းသာမှု ရှိကြရဲလား "

လူအုပ်တစ်ခုလုံးက ဆူညံတက်ကြွစွာ သူ့ရဲ့အမေးအား ပြန်လည်ဖြေဆိုကြတယ် … အဲလက်စ်က B မြို့တော့မှာ ဖန်းဂူနည်းတူ အောင်မြင်သူတစ်ယောက်ဖြစ်သလို သူ့ဖခင်က ဝန်ကြီးတစ်ယောက်ဖြစ်၍ သူ့ရဲ့အာဏာကလဲမသေးလှပေ … ဒါပေမဲ့ လူအုပ်ထဲက ဖန်ဂူတို့ကိုတော့ သူမမြင်ခဲ့ဘူး …

အဲလက်စ်က သူ့နားရောက်လာတဲ့ အိုမီဂါအမတွေနဲ့ အီစီကလီလုပ်နေပြီး လူကြီးလူကောင်းပုံစံပေါ်တဲ့ သူ့ရဲ့ပုံဟာ ခုတော့ အရှက်မဲ့လွန်းလှတယ် … သူတို့အနားမှာ ဟော်မုန်းနံ့တွေ ပြင်းထန်နေတာတောင်မှ မင်းယွီတစ်ယောက် ထူးဆန်းစွာ ငြိမ်သက်နေပြီး ဝက်စုတ် လန်ကျောက်ရိရဲ့ ဖမ်ချုပ်မှုအောက်၌ ထိုင်နေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now