Chapter - 35

30.9K 4.2K 544
                                    

#Unicode

" ထွက်သွားစမ်း "

အပေါ်ထပ်ကဆူညံသံတွေကြောင့် ချူးရှန့်တစ်ယောက် လုပ်လက်စအလုပ်တွေကို ပြစ်ထားခဲ့ပြီး အပေါ်ထပ်သို့ ပြေးတက်လာခဲ့တယ် …

ဒေါသကြောင့် အခန်းတစ်ခုလုံးရှုတ်ပွနေတဲ့အပြင် ဆေးကုသပေးနေတဲ့ ဆရာဝန်ဟာလဲ ကြမ်းပြင်ပေါ်မျာ မှောက်ယက်လဲလို့နေတယ် …

" အဆင်ပြေရဲ့လားဒေါက်တာ "

ချူးရှန့် ဒေါက်တာကို အခန်းပြင်တွဲခေါ်ပေးပြီး အစောင့်တွေကိုခေါ်ကာ ပြန်ပို့စေလိုက်တယ် … သူအထဲကိုပြန်ဝင်လာတော့ သူ့ကိုကျောပေးထားကာ အခြေအနေကို နားမလည်နိုင်စွာဖြစ်နေတဲ့ ရှန်ဖန်းဂူရပ်နေပြီး ဒေါသကြောင့် အခန်းတစ်ခုလုံး ဟော်မုန်းနံ့တွေ ပြင်ထန်လျှက် …

" သ … သခင်လေး … စိတ်ထိန်းပါ "

ချူးရှန့်အသံကြားတော့ ဖန်းဂူအနောက်သို့လှည့်လာပြီး ဒေါသသကြီးဖြင့် မေးလိုက်တယ် …

" ငါ ဘာဖြစ်သွားတာလဲ "

" သခင်လေး သတိလစ်သွားတာပါ "

သူ့ကိုယ်သူ အားနည်းတဲ့သူတစ်ယောက်လို ခံစားရတာကို ဖန်းဂူမကြိုက်ဘူး … သူမေ့လဲသွားတာကိုလဲ လုံးဝမယုံကြည်နိုင်ဖြစ်နေတယ် …

" ငါဘယ်လောက်ကြာအောင် သတိလစ်နေခဲ့တာလဲ "

" တစ် … တစ်ပတ်ပါ "

ဖန်းဂူဒေါသက ထိန်းမနိုင်တော့သလို သူက တစ်ပတ်လုံးလုံး အိပ်ယာထဲလဲနေတာကို လက်မခံနိုင်ခဲဘြူး … သူ့ကိုယ်ကလဲ အရင်လို အင်အားအပြည့်အဝမရှိတော့သလို ခံစားနေရတယ် …

ထိုခံစားချက်ကြီးက ရင်ဝကိုကျည်မှန်တာထက်ပိုပြီး နာကျင်ရတယ် … စိတ်ကြီးလွယ်တဲ့ဖန်းဂူက သူ့အနီးအနားမှာရှိနေတဲ့ ပစ္စည်းတွေကိုကောက်ပေါက်လိုက်ရင်း ဖြစ်ကြောင်းကုန်စဉ်အစဆုံး ပြန်စဉ်းစားကြည့်လိုက်တယ် …

ပွဲကိုသွားတဲ့ထိမှတ်တ်မိတယ် … ပြီးတော့မင်းယွီပျောက်သွားတယ် … အန်းသားအဖက မဟုတ်မမှန်သတင်းထုတ်လွှတ်ပြီး သူ့ကိုအကြပ်ကိုင်တယ် … ပြီးတော့ စိတ်ရှုပ်ပြီးအရက်တွေသောက်တယ် … နောက်ပြီး ရှုယွမ်နဲ့စကားပြောပြီး မင်းယွီကိုရှာဖို့ထွက်လာတယ် … အိဒိအချိန်ထိကောင်းကောင်းမှတ်မိတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now