Chapter - 78

34K 4.6K 546
                                    

#Unicode

ဒယ်ဒီဆိုတဲ့နာမ်စားလေးနဲ့ရင်းနီးမှုမရှိခဲ့သလို ပါပါးတစ်ဦးတည်းကိုသာ မိဘလို့မြင်ခဲ့သူ လုယီလေးဟာ ရုတ်တစ်ရပ် ဒယ်ဒီတစ်ယောက် ကောက်ရလိုက်တဲ့အခါ ပျော်မဆုံးတော့ပေ  …

မိသားစုတစ်ခုရဲ့ စစ်မှန်တဲ့နွေးထွေးမှုလေးကိုရရှိသွားတဲ့ … တစ်ချိန်က ရက်စက်ကြမ်းကြုတ်ခဲ့သူ Lion တစ်ယောက် ယခုအချိန်မှာ ဘဝရဲ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုမေ့ပျောက်ဖို့ဆုံးဖြတ်ကာ သားလေးကိုလက်ဆွဲပြီး အိမ်လေးထဲကနေ ထွက်လာခဲ့လေတယ် …

မင်းယွီတစ်ယောက်ကတော့ ခြမ်းအေးမှုတွေပျောက်သွားပြီးတဲ့နောက် နာကျင်မှုဒါဏ်ကြောင့် ခန္ဓာကိုယ်ကိုက်ခဲမှုနဲ့အတူဖျားသွားလေတယ် … ရေပတ်တိုက်ပြီး ပါလာတဲ့ဖန်းဂူအဝတ်လဲပေးပြီးနောက် အိပ်စက်စေကာ ဆေးနဲ့စားစရာပြင်ဖို့ ဖန်းဂူသားလေးကိုခေါ်ပြီး ထွက်လာခဲ့ခြင်းပင် …

လုယီလေးဟာ ဖန်းဂူလက်ကိုဆွဲလျှက် သွက်လက်သောခြေလှမ်းလေးတွေနဲ့ ခုန်ပေါက်ကာ ပျော်ရွှင်စွာဖြင့် လိုက်ပါလာခဲ့လေတယ် …

" ဒယ်ဒီ … YiYiနဲ့ကချားမယ် "

" ပါပါးဖျားနေတယ် … ဒယ်ဒီပြုစုပေးရဦးမယ် …

ဦးဦးချူးနဲ့နေနေနော် "

" ဟင့်အင် … ဦးဦးက YiYiကို ချိုချိုတိုက်ဘူး "

ဖန်းဂူဟက်ကနဲရယ်မိသွားပြီး …

" ဦးဦးချူးကဘယ်လိုလုပ် ချိုချိုထွက်မှာလဲသားလေးရဲ့ … သူကလူပျိုကြီး "

လုယီခြေလှမ်းလေးတွေရပ်သွားပြီး ဖန်းဂူလက်ကိုဆွဲထားရင်းဖြင့် နှုတ်ခမ်းလေးဆူကာကြည့်လျှက် …

" ဒယ်ဒီ … YiYiဒယ်ဒီကလဲ YiYiကိုချစ်ဘူးလား …

ဦးဦးဝေကပြောတယ် … YiYiဒယ်ဒီက YiYiကိုလိုချင်ဘူးတဲ့ …

အဲ့ဒါကြောင့် ပါပါးကဒယ်ဒီအကြောင်းတွေ YiYiကိုမပြောတာလားဟင်  "

ဖန်းဂူအလွန်ပင်စိတ်မကောင်းဖြစ်သွားမိတယ် … သားလေးကိုမလိုချင်ဘူးလို့ပြောခဲ့မိတာမှန်ပေမဲ့ ခုချိန်ကလေးရဲ့အသိထဲမှာ ထိုအရာတွေကိုမေ့ပျောက်စေချင်တယ် … ဒါတွေကိုမေ့ပျောက်ဖို့ သားလေးရဲ့အလိုကို လိုက်ပေးဖို့လိုအပ်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now