Chapter - 99

13.2K 1.7K 222
                                    

Unicode
~~~~~~~

" ကျန်းရှန်ဝေ ဆိုတာ မင်းလား ? "

ချူးရှန့်ရဲ့ အေးဆက်လှသည့်မေးခွန်းက ရှန်ဝေတစ်ကိုယ်လုံးကို အေးခဲသွားစေခဲ့တယ် … သတိလက်လွတ် ပြုမူတတ်တဲ့ သူ့ရဲ့ချူးရှန့်အပေါ်ဂရုစိုက်တတ်တဲ့ အမူအရာတွေက တစ်ခနချင်း ရပ်တန့်သွားလေတယ် … သူသိလိုက်တာက အမှန်တရားကိုသိတဲ့အချိန်ဟာ အချိန်အခါကောင်းမဟုတ်နေဘူးဆိုတာကိုပင် … ထင်သည့်အတိုင်းပင် ချူးရှန့်ဟာ ဘာမှပြန်မပြောပဲငြိမ်နေတဲ့ ရှန်ဝေ အင်္ကျီကော်လံတွေကို ဆွဲလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ထပ်ခါမေးပြန်တယ် …

" ရှန်ဝေ … အရာရှိကျန်းဆိုတာမင်းလားလို့ … ဟမ် "

ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တော့ ရှန်ဝေရဲ့လက်အောက်ကအစောင့်အကျပ်တွေကအပြေးရောက်လာကာ ရှန်ဝေကိုအတင်းအကြပ်မေးနေတဲ့ ချူးရှန့်ကိုဖမ်းချုပ်လိုက်ကြတယ် … ရှန်ဝေဘက်ကတုန့်ပြန်မှုမပေး ကျောက်ရုပ်ပမာ… သူ့ရင်ထဲမှာ ဖုံးကွယ်ထားတဲ့အရာတွေကို ဦးစွာမပြောမိခဲ့၍ နောင်တရနေခြင်းပင် … သူ့လူတွေချူးရှန့်ကို ထိန်းချုပ်နေတာမြင်တော့ ရှန်ဝေအသိပြန်ဝင်လာပြီး ချက်ချင်းအမိန့်ပေးလိုက်တယ် …

" သူ့ကိုနာကျင်အောင်မလုပ်နဲ့ … ခုချက်ချင်းလွှတ်လိုက် "

ရှန်ဝေအမိန့်ကြောင့် ချူးရှန့်ထိန်းချုပ်ခံရမှုကနေလွတ်မြောက်သွားတယ် … အနားမှာရှိနေတဲ့လူတွေကလဲ သူတို့ထံအာရုံရောက်လာပြီး အကြည့်တွေက သူတို့ထံဦးတည်းနေကြတယ် … လုပ်ငန်းရှင်တချို့က ရှန်ဖန်းဂူနဲ့သူ့ရဲ့အတွင်းရေးမှုးလက်ထောက်ချူးရှန့်ကိုသိနေ၍ ဒီအခြေအနေက သူတို့အမြင်မှာ တမျိုးတဖုံပြောစရာဖြစ်လာတော့တယ် …

" အဲ့ဒါရှန်ဟွှာအမှုကိုကိုင်နေတဲ့အရာရှိမဟုတ်လား … လက်ထောက်ချူးကဘာကြောင့် ပြဿနာသွားရှာနေတာလဲ "

" ဧကန်တ စွတ်စွဲမှုတွေအားလုံးက မှန်ကန်နေတာကြောင့်လား … သူတို့နဲ့ပတ်သပ်ပြီး အရာရှိကျန်းက တစ်ခုခုသိထားလို့များလား "

စကားသံတွေကတဖြေးဖြေးဆူညံလာတော့တယ် … ချူးရှန့်က ထိုအရာတွေကိုမမြင်နိုင်တော့ပဲ သူယုံကြည်ရတဲ့လူတစ်ယောက်က သူတို့ကိုဖမ်းဖို့ကြိုးစားနေတဲ့အရာရှိတစ်ယောက်ဖြစ်နေကြောင်းသိပြီးကတည်းက မယုံကြည်နိုင်ကာ အမှန်တရားကိုသာ ထပ်ခါမေးနေလေတော့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now