Chapter - 93

18.6K 2.2K 225
                                    

#Unicode

ရှုမန်း SH Club ရဲ့ CEO အဖြစ် ယာယီတာဝန်ထမ်းဆောင်သည့်အချိန်မှစပြီး SH Club ရဲ့ရှယ်ယာတချို့တဝက်ထဲ ချန်းမျိုးရိုးသခင်လေး ချန်းယောင်းပါဝင်ပတ်သပ်လာတယ်  …

သခင်လေးယောင်းက အသက် ၂၅ နှစ်အရွယ်ဖြစ်သလို Dominant Alpha တစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကျော်ကြားမှုက အလင်းလောကမှာ တောက်ပနေတဲ့ ကြယ်ပွင့်တပွင့်လို့ဆိုနိုင်တယ် … သို့ပေမဲ့ လူတွေမသိတဲ့ သူ့ရဲ့တခြားဖက်ခြမ်းကတော့ အဆိပ်ပြင်းတဲ့ မြွေပွေးတစ်ကောင်ပင် …

ခန့်ညားတဲ့ဝတ်ဆုံအပြည့်ဆင်မြန်းထားတဲ့လူတစ်ယောက်  ကြီးမားပြီး ခန်းနားလွန်းတဲ့အဆောက်အဦးတစ်ခုတွင်းဝင်ရောက်လာတယ် … အနက်နဲ့အဖြူ တွဲစပ်ထားတဲ့ ဝန်ထမ်းဝတ်ဆုံဆင်မြန်းထားတဲ့ အစောင့် လေး ငါးယောက်ခန့်က ထိုလူကို ကြိုဆိုပြီး လှေကားကြီးတွေကနေတဆင့် အပေါ်ထပ်သို့ခေါ်ဆောင်သွားလေတယ် …

ထိုကြီးမားတဲ့အဆောက်အဦးကြီးက ချန်းမျိုးရိုးရဲ့ကုမ္ပဏီဖြစ်ပြီး ရောက်လာတဲ့ဧည့်သည်က ရန်ရှုမန်းပင် …

" CEO ရှုမန်း … ခများ ရောက်လာတာမြန်သားပဲ "

ဝိုင်ခွက်ကိုလက်တစ်ဖက်ကကိုင်ထားလျှက် ခုံပေါ်မှာ ခြေတစ်ဖက်ချိတ်ထိုင်နေတဲ့ကောင်လေးရဲ့ပုံစံက မခန့်လေးစားနဲ့ … သူ့ရဲ့ပေါင်ပေါ်မှာ ကြီးမားတဲ့ရင်သားတွေကိုဖော်ထားပြီး စကပ်အတိုလေးကို Sexy ကျစွာ ဝတ်ဆင်ထားတဲ့ Omega အမျိုးသမီးတစ်ဦးက ထိုင်နေပြီး ရှုမန်းဝင်လာတာမြင်တော့ သူမက ယောင်း လက်ထဲက ဝိုင်ခွက်ကို ယူလိုက်တယ် …

" Baby … ဧည့်သည်အတွက် ဖျော်ရည်တစ်ခွက်ယူလာခဲ့ "

ယောင်းရဲ့ကျော်ကြားမှုက လက်ဖျားခါစရာပင် … သူ့ရဲ့နဘေးမှာ လှပတဲ့ Omega တွေ ဝိုင်းဝိုင်းလည်နေသလို သူ့ရဲ့အခိုင်းအစေအားလုံးဟာလဲ Sexy ကျတဲ့ Omega တွေကြီးပဲ … ယခု အခန်းထဲကမိန်းကလေးဟာလဲ ယောင်းရဲ့ ဝန်ထမ်းတွေထဲကတစ်ယောက် …

ယောင်းရဲ့အမိန့်ကြောင့် အရိုအသေပေးပြီး သူမအခန်းထဲကနေ ချက်ချင်း ထွက်သွားလေတယ် …ခု ရှုမန်းရောက်လာရတဲ့အကြောင်းအရင်းက ရှန်ဟွှာနဲ့ပတ်သပ်ပြီး ယောင်းနဲ့ပူပေါင်းဆွေးနွေးရန်ပင် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now