Chapter - 15 ( 🚨🔞🚨 )

59K 4.8K 217
                                    

#Unicode

ချူးရှန့်နဲ့ရှန်ဝေတို့၂ယောက် ကြီးမားတဲ့အဆောက်အဦးကြီးတစ်ခုရှေ့တွင် ရပ်နေကာ ဝင်ပေါက်မှာရပ်နေတဲ့ အစောင့်တွေကို စိုက်ကြည့်နေတယ် …

ထိုနေရာက ဟော်မုန်းပွဲတော်ထဲသို့ ဝင်နိုင်မည့် တစ်ခုတည်းသောဝင်ပေါက်ဖြစ်ပြီး အစောင့်အကြပ်တင်းကြပ်လွန်းတယ် …

ဟော်မုန်းပွဲတော်ဆိုတဲ့အတိုင်း ထိုနေရာက ဟော်မုန်းမထုတ်လုပ်နိုင်တဲ့ သာမာန်လူတွေ ဝင်ခွင့်မရှိဘူး … ဒါကြောင့်မို့ အလျှိုလျှိုဝင်နေကြတဲ့လူတွေကိုငေးကြည့်ကာ သူတို့ရပ်နေကြခြင်းဖြစ်တယ် …

ခနကြာတော့ အနက်ရောင်ကားတစ်စီးရောက်လာပြီး ထိုပေါ်ကဆင်းလာသူကတော့ ခရီးကနေပြန်ရောက်လာတဲ့ဖန်းဂူဖြစ်ပြီး အိမ်တော်ကိုမပြန်ပဲ ချူးရှန့်ချိန်းဆိုသည့်နေရာသို့ လာခဲ့ခြင်းဖြစ်တယ် …

ဖန်းဂူဆိုတဲ့ ခင်္သြေ့ကြီးက ဘယ်လောက်ပဲအင်အားကြီးနေပါစေ ခုလိုဟော်မုန်းတွေပြည့်နေတဲ့နေရာမှာတော့ သူကြာရှည်မနေနိုင်ဘူး …

သူက အဆောက်အဦးကြီးထံ တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ် … ပြီးမှ ချူးရှန့်အား မေးလိုက်တယ် …

" ဒီကို ဘာကြောင့်ခေါ်တာလဲ "

ထိုအခါ ချူးရှန့်က လက်ထဲက ကဒ်လေးတစ်ခုကိုကမ်းပေးလိုက်ပြီး …

" သခင်လေးကို အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားခံထားရတယ် "

ဒါက နှစ်တိုင် အဖိတ်ခံနေကြပဲ … ဒါပေမဲ့ သူတစ်ကြိမ်မှမသွားခဲ့ဘူး … ဖန်းဂူက ကဒ်ကိုပင်မကြည့်ပဲ ပြန်ဖြေလိုက်တယ် …

" ဒီကဒ်ပြားကို ဂရုစိုက်နေစရာမလိုဘူး …

ငါ ဒီလိုနေရာမျိုးတွေ မကြိုက်ဘူး "

" သခင်မကြိုက်မှန်းသိပါတယ် …

ဒါပေမဲ့ သခင်က အထူးဖိတ်ခံရတဲ့သူဆိုတော့ သခင့်ရဲ့အနောက်ကနေ ကျွန်တော်တို့ လိုက်လာနိုင်တယ် …

အရေးကြီးတာက ကျွန်တော်တို့ပွဲထဲရောက်ပြီး သတင်းစုံစမ်းဖို့ပဲ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now