Chapter - 63

33.9K 5.6K 1.1K
                                    

#Unicode

ချူးရှန့်တစ်ယောက် ကို့လက်ကိုပြန်ငေးကြည့်ကာ တွေဝေမိန်းမေားနေတဲ့ သခင်ဖြစ်သူကိုကြည့်ပြီး အံ့ဩနေမိတယ် …

ညကမိုးတွေရွာပြီး ပြန်လာမခေါ်မိလို့ဆူမယ်ထင်ထားပေမဲ့ ထိုအကြောင်းတစ်ခွန်းမှ မဟတဲ့အပြင် ငြိမ်သက်နေခြင်းက သူစိတ်ကြည်နေတဲ့သဘော …

" သခင်လေး ညက တစ်ခုခုဖြစ်ခဲ့လို့လား "

ဖန်းဂူက ချူးရှန့်ထံတစ်ချက်ကြည့်လိုက်ပြီး …

" ဘာမှမဖြစ်ဘူး … မင်းညကပြန်မလာတာကောင်းတယ် "

" အာ … တကယ်တော့လေ ကျွန်တော်တို့ ခနလေးပဲထွက်သွားတာ …

ပြန်လာမယ်လုပ်တော့ မိုးရွာလာတာနဲ့ ဆိုင်တစ်ဆိုင်မှာထိုင်နေမိတာ …

ပြန်လာတော့ သခင်လေးတို့က အိပ်သွားကြလို့မနှိုးပဲနေလိုက်တာ "

" ရှင်းပြနေစရာမလိုဘူး …

အဲ့ဒါတွေ ငါစိတ်ထဲမထားဘူး "

" …… "

ဒီနေ့သခင် ထူးဆန်းနေတယ် … ပြီးမှ ချူးရှန့်ကသတိရသွားပြီး …

" သခင်လေး အိမ်တော်ကို မသွားဘူးလား …

သခင်ကြီး နေမကောင်းဖြစ်နေလို့ သခင်လေးကို လာဖို့ခေါ်ထားတယ်  "

ဖန်းဂူခနမျှစဉ်းစားလိုက်ပြီး …

" မနက်ဖြန် သွားမယ် … ကားပြင်ထား "

" ဟုတ်ကဲ့ "

ရှန်ဟွှာအိမ်တော် …

သားလေးအိမ်တော်ကိုပြန်လာတဲ့အတွက် သခင်မကြီး ပျော်ရွှင်နေလေတယ် … သူမက ခုချိန်မှာ ကုန်တိုက်အသစ်ရဲ့ ရောင်းကုန်တွေထဲက ဟော်မုန်းဆေးအမျိုးမျိုးနဲ့ အလှအပရေးရာတွေမှာတာဝန်ယူတယ် … ရှန်ကူးမန်ကတော့ ဥက္ကဌနေရာကနေအနားယူပြီးနောက် ကားနဲ့ပါတ်သပ်တာတွေကို တာဝန်ယူပြီး ပြည်ပပို့ကုန်များအတွက် စီစဉ်ပေးရတယ် …

သူ့ရဲ့မယားငယ်ဟာ သူ့သားရှုမန်းထောင်ချခံလိုက်ရကတည်းက ကူးမန်ကိုစိတ်ဆိုးပြီး သူမရဲ့မြို့ကိုပြန်သွားလေတယ် … အဲ့ဒိအချိန်ကစပြီး ရှန်ကူးမန်ဟာ သူ့ရဲ့မယားကြီးနဲ့ဖခင်ရဲ့ရှန်ဟွှာအိမ်တော်မှာ လာရောက်နေထိုင်လေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now