Chapter - 111

14.3K 1.4K 215
                                    

Unicode
~~~~~~~

Ch-111

" မင်္ဂလာပါ သခင်လေး "

ဧည့်ကြိုဝန်ထန်းမလေးဟာ သူ့ရဲ့အရှေ့မှာခန့်ညားစွာရပ်နေတဲ့ သခင်လေးကို အပြုံးလေးဖြင့်ငေးကြည့်နေတယ် … ပြီးနောက် အနောက်ကဘော်ဒီကဒ်တွေကိုမြင်လိုက်ရတော့ သူမတုန်လှုပ်သွားမိပြန်တယ် …  အကြောင်းကြားထားခြင်းမရှိရုတ်တရပ် သခင်လေးရောက်လာတာမို့ သူမဘာလုပ်ရမည်မသိ ကြောင်းသွားခြင်းပင် … အနားတွင်ဘော်ဒီဂတ်တွေဝန်းရံနေတဲ့ သခင်လေးက သေးငယ်ပေမဲ့ အရှိန်အဝါက ထွန်းတောက်နေပြီး သူမပင်အလိုလိုဦးညွှတ်နေမိတယ် …

လုယီလေးဟာ SH Club ရဲ့ကုမ္ပဏီတွင်းဝင်လာခြင်းဖြစ်ပြီး သူ့ရဲ့အနောက်မှာ ထွားကြိုင်းသန်မာသည့် ဘောဒီကဒ်လေးယောက်က ဝန်းရံထားလေတယ် … အားလုံးကကျောက်ရုပ်ပမာ ငြိမ်သက်နေပြီး သူတို့ရဲ့သခင်လေးသွားရာအနောက်သို့တကောက်ကောက်လိုက်နေရတယ် … သူတို့မှာတားဆီးခွင့်မရှိ အရေးအကြောင်းအချိန်ကလွဲ သူတို့သခင်လေးကိုထိကိုင်ခွင့်မရှိခြေ … ရှန်ဖန်းဂူနဲ့မင်းယွီတို့ ညဘက်အိမ်သို့ပြန်မအိပ်ပဲ ကုမ္ပဏီ၌သာနေနေကြ၍ သားလေးဖြစ်သူလုယီလေးက ဖခင်ကိုတွေ့ဖို့ ကုမ္ပဏီသို့လိုက်လာခဲ့ခြင်းပင် … လုယီလေးက ယခုလိုလူများသည့်နေရာသို့မရောက်ဖူး၍ ဘေးပတ်ဝန်းကျင်အား အထူးအဆန်းတဖွယ် လှည့်ပတ်ကြည့်နေပြီးနောက် သူ့အနောက်ကဘောဒီကဒ်အား ကြည့်ကာမေးလိုက်တယ် …

" ဦးရေးကြီး … ပါပါးကဘယ်မှာယဲဟင် "

" သခင်လေး … ကျွန်နော်မေးကြည့်ပေးပါမယ် "

အသံဩဩနဲ့ ထွားထွားကြိုင်းကြိုင်း ထိုလူမှာ အမှောင်ဂိုဏ်သားတွေရဲ့ခေါင်းဆောင် ရှန်ဖန်းဂူရဲ့ လက်ထောက်တွေထဲကတစ်ယောက်ဖြစ်သူ ရှောက်ချို့ ဆိုသူပင် …

" ဆရာရှောက် … ကျွန်တော်တို့ သခင်ကြီးကိုအသိမပေးပဲ သွားလို့ဖြစ်ပါ့မလား "

ရှောက်ချို့က သူ့အရှေ့က သခင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ် …

" ဟိုကောင် ရှန်ဝေဆိုတဲ့ကောင်က ကလေးမထိန်းပဲ ဘယ်ပျောက်သွားမှန်းမှမသိတာ … ငါတို့မှာသခင်လေးကို ထိခွင့်မရှိဘူး သူ့အမိန့်ကိုပဲနာခံရမှာ … မင်းအသာနေ ငါအဆင်ပြေသလိုစီစဉ်လိုက်မယ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now