Chapter - 6

64.1K 5K 321
                                    

#Unicode

" အဟင့် "

အသံတိုးတိုးလေးကို ကြားနေရပေမဲ့ ဖန်းဂူအသိပြန်မဝင်လာသေး … ခုဘယ်ရောက်နေလဲ … ဘာတွေဖြစ်နေလဲ ပြီးတော့ ဘူ့လက်ထဲမှာ တုန်ယင်နေတဲ့ လူကရော ဘယ်သူလဲ …

ဖန်းဂူဘဝမှ သူ့ကိုယ်ကို ထိရဲတဲ့သူဆိုတာ မရှိဘူးသလို ဒီလိုအနေအထားမျိုးနဲ့ လူတစ်ယောက်ကို ထိကိုင်ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေး … မျက်လုံးတွေကိုကြိုးစားဖွင့်ကြည့်လိုက်တော့ သူ့ရဲ့အိမ်တော်ထဲမှာဆိုတာသေချာတယ် …

ဒါပေမဲ့ သူ့ရဲ့အောက်မှာ ဖြူဖွေးဖွေးကျောပြင်တစ်ခု … ဘာကြောင့် သူကအပေါ်ကနေ အုပ်မိုးထားရတာလဲ .… ရန်သူများလား …

အမြဲတန်း စစ်မြေပြင်မှာ စစ်တိုက်နေရတဲ့ စစ်သားတွေက တစ်စုံတစ်ခုကြုံရပါလျှင် သေနပ်ကိုဆွဲထုပ်ကာ ကာကွယ်တတ်သလို အမြဲအန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့ ဖန်းဂူဟာလဲ အမြဲသတိရှိနေတတ်သူမို့ သူ့အောက်ကလူသားကို ရန်သူထင်မှတ်ပြီး လည်မျိုကို အားပါပါနဲ့ ညစ်ပြစ်လိုက်တယ် …

" အစ် … အ့ … အ … နာ … နာတယ် "

နောက်နေတဲ့ သူ့ရဲ့ခေါင်းတွေ ကြည်လင်လာတော့မှ သူ့လက်ထဲက လူသားဟာ ရန်သူမဟုတ်တဲ့အပြင် သေလုမြောပါးဖြစ်နေတဲ့ အိုမီဂါတစ်ယောက်မှန်း သိလိုက်ရတော့ သူ့ရဲ့လက်တွေကို လွှတ်ပေးလိုက်တယ် …

" အဟွှတ် … အဟွှတ် "

မင်းယွီခများ လန့်ဖြန့်သွားပြီး အောက်ပိုင်းနာကျင်နေသည်ကိုပင် သတိမရတော့ပဲ ခုံပေါ်ကနေ တရွတ်တိုက် ပြေးဆင်းသွားရှာတယ် … အနည်းဆုံး ဒီရူးနေတဲ့လူအနားကနေ ခွာနိုင်ရန်အတွက် အင်အားရှိသမျှ ကျိုးစားကာ သွားနေမိတယ် …

ထိုအခါမှ ဖန်းဂူ သူအိုမီဂါတစ်ယောက်ကို ဝယ်ယူမိပြီး ဆက်ဆံခဲ့ပုံတွေကို ပြန်သတိရလာခဲ့တယ် … ဒါပေမဲ့ သူဆိုးရိမ်မိတာက ဒီအိုမီဂါက သူနဲ့ပေါင်းဖတ်လိုက်ပြီလားဆိုတာကိုပဲ …

ဖန်းဂူလို မာဖီးယားတစ်ယောက်က အနှောင်အဖွဲ့မလိုချင်သလို မိသားစုနဲ့စိတ်ရှုတ်ခံရတာမျိုးဆို ပိုလို့တောင် မလိုချင်သေး … ဒါကြောင့် ဒီကောင်လေး သူနဲ့မပေါက်ဖက်မိဖို့က အရေးကြီးသည်မို့ ကြောက်အားလန့်အားနဲ့ တရွတ်တိုက်ပြေးနေရှာတဲ့ ကောင်လေးအနားကို လျှောက်လာခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now