Chapter - 92

20.5K 2.4K 181
                                    

#Unicode

ဒီနှစ်တွေမှာ အမှောင်နဲ့အလင်းလောက ၂ ခုရဲ့ခြားနားမှုက ယခင်ကလောက် စည်းမရှိတော့ဟုပြောလို့ရသည်ထိ ရှုတ်ထွေးလာခဲ့တယ် … ယခင် အမှောင်မှာ Lion အုပ်ချုပ်စဉ်က သူ့စည်းစနစ်နဲ့သူ အလင်းကလူတွေကို မရှုတ်မိအောင် အတတ်နိုင်ဆုံး မိမိရဲ့လောကမှာပဲ ကျင်လည်နိုင်အောင် လုပ်ဆောင်ပေး၍ အလင်း၌လဲအေးချမ်းသလို အမှောင်မှာလဲ ပြဿနာ တစ်စုံတစ်ရာမရှိခဲ့ဘူး …

ယခုတော့ဖြင့် အလင်းအုပ်စုတွေဟာလဲ အမှောင်လောကနဲ့ဆက်နွယ်ပြီး အမြင့်ကိုတက်လှမ်းဖို့ကြိုးစားသလို အမှောင်လောကသားတွေဟာလဲအလင်းအုပ်စုတွေကို ထိန်းချုပ်ကာ ပေါ်ပေါ်ထင်ထင် ထိုက်ခိုက်ခြင်းမျိုးတွေ ဖြစ်ပေါ်လာတယ် …

ယခင်က ပုန်းအောင်းနေတဲ့ မြွေအုပ်စု , နဂါးဂိုဏ်း , ဝင်ပုလွေလူသတ်ဂိုဏ်း စတဲ့ အဖွဲ့အစည်းတွေဟာ အလင်းမှာ ထင်ထင်ပေါ်ပေါ်သွားလာနေကြပြီ … သူတို့ရဲ့လုပ်ဆောင်မှုတွေဟာလဲ စည်းစနစ်မကျတော့ဘူး …

တရားမဝင်ဟော်မုန်းဆေးတွေက ၄ နှစ်တာအတွင်းမှာ ယခင်ကလို မှောင်ခိုဈေးမှနေတဆင့်ဝယ်ယူရခြင်းမျိုးမရှိတော့ပဲ ပေါ်ပေါ်ထင်ထင် သုံးဆွဲလာကြတယ် … ဟော်မုန်းပွဲတော်ဟာလဲ တစ်နှစ်ထပ်တနှစ် လူဦးရေတိုးလာပြီး ယခုဆိုလျှင် မျက်နှာဖုံးတောင် မတပ်ဆင်တော့ပဲ သွာလာနေကြသလို ယခင်ချမှတ်ထားတဲ့ စည်းကမ်းတွေလဲမရှိတော့ဘူး … VIP ကဒ်တွေဆိုလဲ အကန့်အသတ်မရှိတော့သလို အမှောင်ကလူလား အလင်းကလူလားပင်မသိ အားလုံးရောထွေးလျှက် … အမှောင်နဲ့အလင်း တံခါးဝဖြစ်တဲ့ Lion မရှိတော့သည့်အချိန်းကစပြီး တာရိုးကျိုးသွားတဲ့မြစ်ရေစီးလို ရေကြည်ပေါ် ရေနောက်တွေဖုံးလွှမ်းပြီး နောက်ဆုံး ပင်လယ်တပြင်လုံး ရေနောက်တွေနဲ့တစ်သားတည်း ဖြစ်တည်သွားသလိုပင် …

ဟော်မုန်းဖောက်ပြန်မှုကြောင့် အမှုဖြစ်ပွားနှုန်းတွေ ယခင်နှစ်ထပ် ရာခိုင်နှုန်းမြင့်တက်လာခြင်းကြောင့် ရဲတွေလဲ အလုပ် ၂ စထိတိုးလာပြီး အခြေအနေတွေက ထိန်းသိမ်းရခက်လာခဲ့တယ် … အိုမီဂါတွေကို စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းတွေဟာလဲ ခိုင်ခံ့မှုမရှိတော့၍ နိုင်ငံသားတွေ ကြောက်ရွံ့နေကြတယ် … အမှောင်ဂိုဏ်းသားတွေက အိုမီဂါတွေကို ထင်ထင်ပေါ်ပေါ် ပြန်ပေးဆွဲတာမျိုးတွေ သိမ်းပိုက်တာမျိုးတွေရှိလာ၍ အဖွဲ့အစည်းက ကာကွယ်ပေးပေမဲ့ ယခင်ကလောက် အာမခံချက်မရှိတော့ဘူး … မိတ်ဖက်ရွေးပွဲတွေဟာလဲ ဥပဒေမရှိ လေလံပွဲနှင့်မခြားနားတော့ပေ … တစ်ခါတရံ အိုမီဂါလေးတွေက လိင်ကျွန်ဘဝကနေ ရက်ရက်စက်စက်သတ်ခံရတဲ့ထိရှိလာခဲ့ပေမဲ့ အရေးယူနိုင်တဲ့ဥပဒေမရှိခဲ့ … ပိုင်ရှင်တွေရဲ့ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်လေးတွေဘဝသို့ရောက်သွားခဲ့ကြတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now