Chapter - 139

9.3K 1.1K 183
                                    


Unicode
~~~~~~~~

ယခုဟိုးလေးတကြော်ကြော်ဖြစ်နေတဲ့သတင်းက Lion ရဲ့မင်္ဂလာပွဲသတင်းပဲ … သတင်းစာရဲ့ခေါင်းစည်းပိုင်းတွေမှာပါပြီး ကြော်ငြာဆိုင်ပုဒ်တွေလဲ စိုက်ထူထားကြတယ် … လှပတဲ့အိုမီဂါလေးရဲ့ဗိုက်ကိုဖက်ပြီး  သူ့ရဲ့ပခုံးပေါ်ကိုမှီထားစေကာ ကာကွယ်မှုအပြည့်ပေးနိုင်တဲ့အနေအထား ရဲရင့်ပြတ်သားလှတဲ့အကြည့်တွေနဲ့ အယ်ဖာရဲ့ခန့်ညားမှု သားလေးရဲ့ချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ လှပပြီးပြည့်စုံလှတဲ့ မိသားစုပုံလေးက နေရာအနှံ့မှာ ပြန့်လွင့်နေတယ် …

ထိုစဉ် TV မှ ကြော်ငြာတစ်ခုက တစ်နိုင်ငံလုံးသို့ ပျံ့လွင့်လာလေတော့တယ် …

" ယခုကြေငြာပေးမဲ့အကြောင်းအရာက မကြာခင်အချိန်မှာ ကျရောက်တော့မဲ့ အကြီးကျယ်ဆုံး မင်္ဂလာအခန်းအနားအစီစဉ်အကြောင်းပါ …

ကျွန်မတို့နိုင်ငံမှာ တစ်ခါမှမပြုလုပ်ဖူးတဲ့ ပုံစံမျိုးနဲ့ ထူးထူးဆန်းဆန်း မင်္ဂလာပွဲတစ်ခု စီစဉ်ထားပါတယ် …

သတို့သားက Dominant Alpha တစ်ယောက်ဖြစ်တဲ့ C မြို့ရဲ့ Top 1 အချမ်းသာဆုံး ရှန်ဟွှာအိမ်တော်ရဲ့ လက်ရှိသခင်ကြီး ရှန်ဖန်းဂူဖြစ်ပါတယ် … သတို့သမီး အိုမီဂါက လက်တွေ့သိပ္ပံပညာရှင်ကြီး Mr.ပိုင်ယွိဟန်ရဲ့မျိုးဆက် ( မြေး ) ဖြစ်သူ ပိုင်အိမ်တော်ရဲ့သခင်လေး ပိုင်မင်းယွီ … သားငယ်ရတနာလေး သခင်လေးလုယီရဲ့ပါပါးနဲ့Daddy တို့ရဲ့ လက်ထက်မင်္ဂလာအခန်းအနားလေးပါရှင် …

မင်္ဂလာဧည့်ခံပွဲကို တစ်နိုင်ငံလုံး မြို့နယ်တစ်ခုစီမှာ ကျင်းပပြီး လူတန်းစားမရွေးအားလုံး တက်ရောက်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း သတင်းကောင်း ပါလိုက်ပါရစေ … အားလုံး နွေးထွေးတဲ့မိသားစုလေးကို ကြိုဆိုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် "

ကြော်ငြာမှုအဆုံး၌ လူတွေအားလုံးရဲ့အကြည့်တွေက မိမိပတ်ဝန်ကျင်နဲ့အနီးနားမှာရှိနေတဲ့ လှပတဲ့အခန်းအနားကြီးထံ အကြည့်ရောက်သွားကြတယ် … မြို့နယ်တိုင်းမှာ တစ်စုဆီရှိနေပြီး အတွင်းမှာ ကြီးမားတဲ့ပိတ်ကားကြီးကနေရာယူထားတယ် … မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းပြီး အလွန်အိမ်မက်ဆန်တဲ့ မင်္ဂလာပွဲမျိုးပင် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now