Chapter - 138

10K 1.1K 143
                                    

Unicode
~~~~~~~~

ယာရှာနဲ့ဆုန်းချူတို့ မင်းယွီအိမ်သို့ရောက်လာကြတယ် ... တိုက်ပွဲဖြစ်နေစဉ်က သူတို့လဲ တစ်ဖက်တလမ်းကနေပါဝင်နေခဲ့ပြီး လုပ်စရာရှိတာတွေကို ဆက်လက်ဆောင်ရွက်ပေးနေခဲ့တယ် ... ခုဆိုရင် ဂိုယောင်းတို့သားအမိကိုလဲ ခေါ်လာခဲ့ပြီး ဂိုယောင်းလေးက လုယီလေးနဲ့အတူ ခြုံထဲမှာ ပျော်ရွှင်စွာ ကစားနေကြတယ် ... ဖန်းဂူအထိန်းရလွတ်သွားတာပေါ့ …

ဆုန်းချူတို့ရောက်လာတော့ ပတ်ဒိုမင်းနဲ့ကျန်းရှားမေ့တို့က ကျန်ကိစ္စတွေကိုဖြေရှင်းဖို့အတွက် ထွက်ခွာရမဲ့ အချိန်ကျရောက်လာခဲ့ပြီမို့ မင်းယွီတို့သားအမိအား ဖန်းဂူမိသားစုထံအပ်လိုက်တယ် ...

" အမမိုနန်း … အားလုံးလဲပြီးဆုံးသွားခဲ့ပြီ … အညှိုးအာကာသတွေလဲ ပြေပျောက်သွားပြီဆိုတော့ ရီရီနဲ့ သူ့မိသားစုကို အမလက်ထဲ အပ်ခဲ့ပါရစေ "

ယခုအိမ်တော်မှာ ရှန်ကူးမန်လဲ ရောက်ရှိနေပြီး မိသားစုတွေ အားလုံးစုံညီနေကြတယ် … ကူမန်က လူတွေနဲ့ဆက်ဆံရေးကျဲသူမို့ တိတ်ဆိတ်စွာပင် ထိုင်နေကာ သခင်မမိုနန်းကသာ ပြန်လည်တုန့်ပြန်စကား ဆိုလိုက်တယ် …

" ဒါတွေက ပြောစရာမလိုပါဘူး … ခုရှန်အိမ်တော်ကလဲ ပြင်နေဆဲဆိုတော့ ကျွန်မတို့လဲ ရီရီကိုပဲ ဒုက္ခပေးရဦးမယ် "

မင်းယွီမိခင်ကလဲ ဆိုလိုက်တယ် …

" မဟုတ်သာရှင် … သားလေးနဲ့မြေးလေးတို့ကို ကျွန်မမျက်စိအောက်မှာပဲ ထားပေးလို့ ဒီကကျေးဇူးတင်ရမှာပါ "

သူတို့အားလုံးအဆင်ပြေသွားကြတော့ ပြုံပျော်ကာ နှုတ်ဆက်စကားတွေဆိုကြတယ် … ထိုစဉ်မှာ အမျိုးသား ၂ ယောက်က ငြိမ်နေကြပြီး ခနကြာလာတော့ ရှန်ကူးမန်က ချောင်းဟန့်ကာ စတင်စကားဆိုလာတယ် …

" ဒီက အရာရှိပတ်က ကိစ္စတွေကို ဘာဆက်လုပ်ဖို့ စိတ်ကူထားလဲ "

" ခု အထက်လွှတ်တော်က အမှုမှန်ကို စစ်ဆေးနေပြီ … ချန်းမိသားစုဝင်အားလုံးကိုဖမ်းပြီး ပိုင်ဆိုင်မှုတွေကိုလဲ ထိန်းသိမ်းထားပြီးပြီ … မကြာခင်မှာ သူတို့ကို ပြစ်ဒါဏ်ချမှတ်တော့မှာပါ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now