Chapter - 27

38.5K 4.6K 308
                                    

#Unicode

သေနတ်ကို ကိုယ်တိုင်ကိုင်သွယ်ပြီး ပထမဆုံးပြစ်သတ်ဖူးတဲ့လူတစ်ယောက်အဖို့ လှပတဲ့အိမ်မက်တွေဆိုတာ ရှိမလာနိုင်ဘူး …

အမှန်ပါပဲ … မင်းယွီအိမ်မက်ဆိုးတွေရဲ့နှောက်ယှက်မှုကြောင့် အိပ်ယာမှနိုးထလာခဲ့တယ် … သူ့ရဲ့လက်မှာတော့ ချွေးစေးတွေပြန်လို့နေတယ် …

အသက်ရှူသံပြင်းပြပြကြောင့် ဘေးဘက်သို့လှည့်ကြည့်မိတော့ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ဖန်းဂူကိုတွေ့ရတယ် … ရင်ဘက်ပေါ်ဖိတင်ထားတဲ့ ဖန်းဂူရဲ့လက်မောင်းကြောင့် အသက်ရှူများပင်ကျပ်လာသလို …

လူတွေကိုသတ်ပြီး အေးဆေးအိပ်နေနိုင်တဲ့ဖန်းဂူကိုကြည့်ပြီးမင်းယွီအံ့ဩမိတယ် … သူကပထမဆုံးအကြိမ်မို့ ကြောက်လန့်ပြီးအိပ်မပျော်တာများလားတွေးမိတော့ ထိုညက မိုးလင်းပေါက်ထိ မင်းယွီအိပ်ဆက်၍ မရခဲ့ဘူး …

အရှေ့ပင်လယ်ပြင်ကနေထွက်ပေါ်လာတဲ့နေမင်းရဲ့ရဲ့အလင်းရောင်စူးရှရှက ပြတင်းပေါက်ကနေပြီး ဝင်ရောက်လာတဲ့အခါ မင်းယွီရဲ့မျက်ဝန်လေးတွေမှာ အရောင်လဲ့လို့နေခဲ့တယ် … သူ့ရဲ့နှုတ်ခမ်းလေးတွေက ပျိုကြတော့မဲ့မိုးပမာ မဲ့နေပြီး မေးလေးတွေက တုန်ခါလို့နေတယ် …

ကြောက်စိတ်ကြောင့် အကျယ်ကြီး အော်ငိုပြစ်ချင်ပေမဲ့ အသံတွေက သူ့ရဲ့လည်ချောင်းဝမှာပဲ ပျောက်ရှသွားတယ် …

မင်းယွီကိုယ်ပေါ်ကစောင်ကို ဆွဲခြုံလိုက်ပြီးနောက် ဘေးဘက်သို့လှည့်ကာ ပခုံးလေးတွေက တုန်ရီလျှက် တိတ်တိတ်လေးသာ ငိုနေခဲ့တယ် …

အဲ့ဒါကို ဖန်းဂူသိနေပေမဲ့ မနှစ်သိမ့်ခဲ့ဘူး … ဒီကောင်လေးကိုသန်မာစေချင်တယ် … ဒါမှသူ့ရဲ့ဘေးမှာ ထားနိုင်မှာ …

တစ်ညသာထိတွေ့မှုကြောင့် သူတို့ရဲ့ဟော်မုန်းတွေက တစ်ရက်စာ သဟဇာသဖြစ်စေတယ် … ဖန်းဂူထသွားတဲ့ထိ မင်းယွီကုတင်ပေါ်မှာ အိပ်ဆက်နေတုန်းပဲ …

ဖန်းဂူအောက်ထက်ကိုဆင်းလာတော့ လှေကားအခြေမှာ အရန်သင့်စောင့်နေတဲ့ ချူးရှန်က ' မင်းယွီအဆင်ပြေရဲ့လား ' လို့မေးချင်ပေမဲ့ သခင်ရဲ့အကြည့်တစ်ချက်ကြောင့် မေးမထွက်ခဲ့ဘူး … အဲ့ဒိအစာ သခင်မေးမဲ့မေးခွန်းကို အရန်သင့်ဖြေဆိုလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now