Chapter - 69

29.2K 4.5K 873
                                    

#Unicode

" Boss … ညက အိပ်မပျော်ဘူးလား "

ဖန်းဂူမျက်ဝန်းတွေက သိသိသာသာကြီးညိုနေတာမို့ မင်းယွီမနေနိုင်ပဲမေးလိုက်ခြင်းဖြစ်တယ် … သားလေးကို နို့တိုက်နေချိန်တုန်းက သေချာပေါက် အိပ်မောကျနေသည်ဟုထင်မှတ်၍ မင်းယွီနည်းနည်းလေးမှ သံသယမဝင်ခဲ့ဘူး …..

ဖန်းဂူက ရေစိုနေတဲ့ကိုယ်ကိုအဝတ်နဲ့သုပ်နေပြီး မင်းယွီအမေးကြောင့်အရာအားလုံးရပ်တန့်သွားလေတယ် … ခုချိန်မှာ ချူးရှန့်ရှိမနေ၍ အစည်းအဝေးပွဲအတွက် အဝတ်အစားတွေကို မင်းယွီက စီစဉ်ပေးနေရတယ် …

မင်းယွီလက်ထဲမှာ အဝတ်တွေကိုကိုင်ဆောင်ထားလျှက် ဖန်းဂူအားတစ်ချက်မျှသာကြည့်ပြီးနောက် အကြည့်လွှဲသွားလေတယ် … ခေါင်းကိုအောက်ငုံ့ထားတဲ့မင်းယွီအရှေ့မှာ မတ်မတ်ရပ်လိုက်ပြီး …

" ညကလား … အိပ်ပျော်တာပေါ့ …

ငါအိပ်ပျော်သွားလို့ ဘာမှတောင်မသိလိုက်ဘူး "

" အော် … ဒါဆိုမျက်ကွင်းက ဘာကြောင့်ညိုနေတာလဲ "

" ဒါလား … ဆေးလိပ်မသောက်ရလို့ "

" …… "

မင်းယွီဘာမှဆက်မပြောတော့ပေ … သူ့လက်ထဲကအဝတ်တွေကိုပေးခဲ့ပြီး ထွက်သွားမယ်ဆုံးဖြတ်ထားပေမဲ့ ဖန်းဂူရဲ့အမိန့်က သူ့အားရပ်တန့်သွားစေတယ် …

" ငါ့ကိုအဝတ်လဲပေး "

" Boss က ကလေးလဲမဟုတ်တော့ဘူး …

ပြီးတော့ ကျွန်တော့အရပ်က … "

သူ့ထက်ရှည်တဲ့လူကို အဝတ်လဲပေးဖို့ဆိုတာ မလွယ်လှဘူး … ထိုအခါ ဖန်းဂူက ဘေးနားက ကုတင်ပေါ်  ချက်ချင်း ထိုင်ချလိုက်တယ် …..

" ဒီလိုဆိုရင်တော့ မင်းအရပ်နဲ့မှီပြီမဟုတ်လား "

မင်းယွီမငြင်းဆန်နိုင်တော့ဘဲ အဖြူရောင်ရှပ်အင်္ကျိရှည်ကို စတင်ဝတ်ပေးလေတော့တယ် …

ဖန်းဂူရဲ့ရင်ဘက်ပေါ်က Lion တံဆိတ်ဆွဲကြိုးက ထောက်ပလျှက် မာန်အပြည့်နဲ့ ယခင်မူလအတိုင်းရှိနေဆဲပင် … သူ့ရဲ့ပခုံးပေါ်က ဓားဒါဏ်ရာကြီးက သေရာပါမည့်ပုံစံမျိုး ခုချိန်ထိ ရှိနေပြီး ထိုဓားရာအောက်တည့်တည့်၌ သေနတ်မှန်စဉ်က ခွဲစိတ်ထားတဲ့ ချုပ်ရာ တည်ရှိနေသေးတယ် … တစ်ဖက်က ပခုံးမှာလဲ ထိုနည်းသူ ဒါဏ်ရာတစ်ခု ရှိနေအုံးမယ်ဆိုတာ မင်းယွီသိနေခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now