💔💔💔💔

16.8K 1.5K 238
                                    

Unicode
~~~~~~~~

Hello … fb မှာကိုပျောက်နေတာ သိတဲ့လူတွေရှိသလို မသိတဲ့လူတွေလဲရှိလိမ့်မယ် … ဟုတ်ကဲ့ ကို့ရဲ့ ရှိသမျှ fb Acc တွေအကုန်ပျက်ကုန်ပါပြီ … ဒီတစ်ခါက လုံးဝအဖျက်ခံရတာပါ … တချို့ကပြောတယ် fb က acc အရန်ထားမရဘူးအကုန်ဖျက်တာတဲ့ … ဒါပေမဲ့ ကို့ acc တွေကြီးရွေးဖျက်တာကဘာသဘောလဲ … ?

ပထမ အမှောင်မိခင် ဆိုတဲ့ acc ပျက်တယ် … ဝမ်းနည်းပေမဲ့ဘာမှမပြောသေးဘူး … ဒုထိယ ကို ခုသုံးနေတဲ့ Kay Acc ပျက်တယ် … ကို့အတွက်ကမ္ဘာပျက်သွားသလိုပဲ … အပြစ်လုပ်ရအောင်လဲ ကို အဲ့ acc. နဲ့ Manga ဖတ်တာကလွဲပြီးဘာမှမလုပ်ထားဘူး … Cb တောင်မဖွင့်ထားဘူး မသုံးဖြစ်လို့ … ကိုအမြန်ပဲ ဖုန်းဆိုင်ပြေးပြီး မေးကြည့်တော့ ပြန်ရှာမရတော့ဘူးတဲ့ အတိုင်ခံရလို့ ဖျက်လိုက်တာဖြစ်မယ်လို့ပြောတယ် rp ဝိုင်းထုကြတဲ့သဘော … အလုပ်ကလဲမအား​ေတာ့ Acc အသစ်မဖွင့်သေးဘဲ ဒီတိုင်းနေလိုက်တယ် … ဒါပေမဲ့မကြာဘူး ကိုစာရေးဖို့သီးသန့်ဖွင့်ထားတဲ့ Ma Ma Fujoshi Acc ပါပျက်သွားတယ် … အဲ့ထဲမှာ ဖန်းဂူတို့ရော လုဖန်တို့ပါရေးပြီးသိမ်းထားတာ Wp တစ်ခုခုဖြစ်ရင် ပြန်တင်လို့ရအောင်ဆိုပြီး … ခုအဲ့ဒါပါပျက်ကုန်တော့ ကိုစိတ်မပူပဲမနေနိုင်တော့ဘူး … Wp က Fic. တွေပါ rp ထုခံရရင် ကို့မှာပြန်တင်စရာတစ်ခုမှမရှိတော့ဘူး အဲ့ဒါကြောင့် အမြန်ဖျက်လိုက်ရတာ …

ကိုတန်ဖိုးထားရတဲ့အရာတွေဆုံးရှုံးသွားခဲ့ပြီ ကို့ရဲ့ခိုနားရာ ကို့ရဲ့ကမ္ဘာငယ်လေးပါ ပျက်စီးသွားရင် ကြိုးစားထားခဲ့တာတွေ ပင်ပန်းခဲ့တာတွေရဲ့ ရလဒ်က ကို့ရဲ့မျက်ရည်တွေပဲဖြစ်သွားတော့မှာလား …

သူတို့လိုချင်တာဒါလား ? ကိုကအသဲနုတယ်ပြောပြော ထစ်ခနဲဆိုမျက်ရည်ကကျလာရော ကို Acc တွေပျက်တုန်းက ငိုနေတုန်းကဆို အတူနေတဲ့အမက အမေတစ်ခုခုဖြစ်သွားလို့လားဆိုပြီး စိတ်ပူသွားရတဲ့ထိ … ပြီးတော့ သူကပြောတယ် … " fb acc ပျက်တာပဲ အသစ်ပြန်ဖွင့်လို့ရတယ် အမေတစ်ခုခုဖြစ်တာလားလို့စိတ်ပူသွားတာ အမေထက်အဲ့ဒါတွေကအရေးကြီးတာလား " ကိုစဉ်းစားမိတယ် Fb acc တွေ Fri တွေဆိုတာ အပေါ်ရံသပ်သပ်တွေ ကို့ကိုတကယ်ချစ်တဲ့မိဘရှိနေသေးတာပဲ ငါကြံ့ခိုင်ရမယ်ဆိုပြီး အားတင်းနိုင်ခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now