အသိပေးချက်💕

8.7K 1.1K 74
                                    

#Unicode

မင်္ဂလာပါတျဲလေးတို့ … ပထမအချက်က Up ကြာနေတဲ့အတွက် တောင်းပန်ပါရစေ … ဒီ Fic စရေးတုန်းက အလုပ်ကနားနေရတာဆိုတော့ ကိုယ့်မှာအချိန်တွေလဲအားသလို တစ်နေ့ ၂ ပိုင်းလောက်က အသာလေး ရေးနိုင်တယ် … အစကတည်းက အားပေးလာတဲ့သူဆိုသိမှာပါ … ကိုယ် နေ့တိုင်း up မှန်သလို ည ၈ နာရီတိုင်းအချိန်မှန်တင်ပေးလေ့ရှိတယ် … ဒါပေမဲ့ ခုကမတူတော့ဘူး … အလုပ်တွေပြန်ဖွင့်နေပြီဆိုတော့ အချိန်ပိုလဲဆင်းရတာမို့ ပိတ်ရက်လေးတွေမှာပဲ တင်နိုင်တော့တယ် … အိပ်ချိန်တောင်အနိုင်နိုင် လုရတာ … ဒီအပတ်ကတော့ ကိုယ်ဖျားနေတာနဲ့ ဖုန်းအကြာကြီးကြည့်ဖို့မဖြစ်နိုင်ဘူး … ဒါကြောင့် Fic လေးလဲတင်နိုင်ဦးမယ်မထင်ဘူး … အဲ့အတွက်တောင်းပန်ပါရစေ …

ဒုတိယအချက်က ဒီ Fic လေးနဲ့ပတ်သပ်ပြီး ပြောစရာလေးရှိလို့ပါ … အစက ဒီ Fic လေးကိုမရေးခင် ကိုယ်စဉ်းစားထားတဲ့ပုံစံက Seme က အရမ်းရက်စက်ပြီး ကြောက်ဖို့ကောင်းတဲ့မာဖီးယားဂိုဏ်းခေါင်းဆောင် အယ်ဖာတစ်ယောက်  … Uke က သာမန် အိုမီဂါလေး … သူတို့ရဲ့တွေ့ဆုံးမှုကနေပြီး ဇာတ်လမ်းလေးကစမှာ … အဲ့ဒိမှာကိုယ်က အနောက်ကိုမစဉ်းစားတော့ပဲ စိန် ၇ လုံးအပေးအယူကိစ္စကနေ Uke နဲ့ Seme ကိုတွေ့ဖို့ဖန်တီးလိုက်တယ် … ဒီလိုနဲ့ ရေးရင်းရေးရင်း ဇာတ်လမ်းရဲ့ ပတ်သပ်မှုတွေက ကိုယ်တွေးထားတာထက်ကို ရှုတ်ထွေးလာတယ် …

ကိုယ်မရှင်းနိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော် … ကိုယ်တွေးပြီးရေးတာမို့ အဖြေကရှိပြီးသား … ဒါပေမဲ့ ဇာတ်လမ်းတစ်ခုလုံးကိုခြုံကြည့်လိုက်တော့ ဟာကွက်တစ်ခုကရှိနေတယ် … မလိုအပ်တဲ့အရာနဲ့လိုအပ်နေတဲ့အရာ … ဇာတ်လမ်းတိုင်းမှာ ဦးတည်ချက်ဆိုတာရှိတယ် … ကိုယ့်ဇာတ်ကောင်တွေရဲ့ဦးတည်ချက်ကဘာလဲ သူတို့ဘာကိုရှာဖွေနေတာလဲ ဆိုတဲ့မေးခွန်းရဲ့အဖြေက ကိုယ်ဖော်ပြထားတာနဲ့ နည်းနည်းလွဲမှားနေတာကို ခုမှသေချာတွေးမိတယ် … အဲ့ဒါက ဘာလဲဆိုတော့ ဇာတ်လမ်းထဲမှာပျောက်ဆုံးနေတဲ့ စိန် ၇ လုံးနဲ့ သူတို့ဖော်စပ်နေတဲ့ဆေးဝါးဆိုတဲ့အရာပဲ … အဲ့ဒါကိုစပ်ဆက်ဖို့နည်းလမ်းက စိန် ၇ လုံးဆိုတဲ့နေရာကို ဆေးနည်းကြမ်းကို အစားထိုးလိုက်ဖို့ပါပဲ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now