Extra - 2

15K 1K 80
                                    

Unicode
~~~~~~~

" ဒေါက် … ဒေါက် … ဒေါက် "

တံခါးခေါက်သံကြောင့် ဖန်းဂူအိပ်ယာမှ နိုးထလာခဲ့တယ် …

" ယွီလေး "

ဖန်းဂူမျက်လုံးဖွင့်လိုက်ယုံနဲ့တစ်ပြိုင်နက် သူ့ရဲ့ရင်ခွင်ထဲကလူသားလေးရဲ့ တုန်ခါနေမှုကို ခံစားလိုက်ရပြီး ငိုရှိုက်သံကိုပါ ကြားလိုက်ရတယ် … ဖန်းဂူအိပ်ယာပေါ်မှ အလန့်တကြား ထထိုင်လိုက်ပြီး မင်းယွီကိုယ်လေးအား ထူမလိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်တွေစီးကျနေတာကို တွေ့လိုက်ရတယ် …

" ယွီလေး … ဘာ … ဘာလို့ငိုနေတာလဲ "

" နာတယ် "

" ဘယ်နားကနာနေလို့လဲ … ကိုယ့်ကိုပြော "

" ဗိုက်ထဲကနာတယ် … ပြီးတော့ ဟိုနေရာရောပဲ "

ဖန်းဂူညကအချိန်တွေကိုပြန်တွေးမိကာ မရပ်တန့်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတော့တယ် …

ထိုစဉ်အခန်းတံခါးပွင့်လာပြီး ရှုယွမ်နဲ့အတူ လုယီလေးပါ ရောက်လာကြတယ် … ရှုယွမ်က ဖန်းဂူရင်ခွင်ထဲမှာ ငိုနေတဲ့မင်းယွီကိုမြင်တော့ အလန့်တကြား မေးလိုက်တယ် …

" ဖန်းဂူ … မင်းဘာလုပ်လိုက်တာလဲ "

" လင်မယားကြားမှာ လုပ်စရာ ဘာကိစ္စရှိသေးလို့လဲ "

" ငါပြောတာက မင်းယွီကို ဘာကြောင့်နာကျင်တဲ့ထိ လုပ်လိုက်တာလဲ … ငါမင်းကို ဒီလောက်အတန်တန် မှာထားတာကိုဂရုမစိုက်ဘူးလား … သူ့ရဲ့ဗိုက်က လရင့်နေပြီ … ကလေးတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ "

" ကလေး … ငါ့ကလေး တစ်ခုခုဖြစ်သွားနိုင်လား "

ထိုအခါမှ ဖန်းဂူပို၍ စိတ်မတည်မငြိမ်ဖြစ်သွားကာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိတော့ပေ … ရှုယွမ်က သူတို့ကိုအဝတ်အစားလဲထားနှင့်စေပြီး အိမ်သို့ဆရာဝန်အမြန်ပင့်ခေါ်လိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now