Chapter - 60

33.8K 4.9K 727
                                    

#Unicode

ချူးရှန့် သူ့သခင်ရဲ့အပြုံးကိုကြည့်ပြီး မှင်သေသွားတာထက် သူ့မျက်ဝန်းဒေါင့်ရဲ့တစ်နေရာမှာပေါ်လာတဲ့လူတစ်ယောက်ကြောင့် သူ့တစ်ကိုယ်လုံးအနောက်သို့အနည်းငယ်ပင် ဆုတ်ခွာသွားမိတယ် ...

မယုံကြည်နိုင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု အရာအားလုံးဟာရောထွေးနေပြီး လူများမှားမြင်မိလေသလား သူ့မျက်လုံးကိုအခါခါပွတ်ကာကြည့်မိတော့ ထိုလူဟာသူ့အားစိုက်ကြည့်လာတော့မှ ချူးရှန့် ဒါကအမှန်ဆိုတာ ယုံကြည်သွားလေတယ် .....

မင်းယွီနှုတ်က ချူးရှန့်ကိုခေါ်လိုက်ဖို့ နှုတ်ဟမည်ကြံရွယ်လိုက်ပေမဲ့ သူတို့နဲ့မပတ်သပ်ဖို့ ဆုံးဖြတ်ထား၍ ရပ်တန့်လိုက်ကာ ဖန်းဂူထံက သားလေးကို ဆွဲခေါ်လိုက်လေတယ် ...

" သားသား ... ပစ္စည်းဝယ်ပေးတဲ့သူတိုင်းကို Daddy လို့အခေါ်ရဘူးလို့ ပါပါးပြောထားတယ်လေ "

ချူးရှန့်က အတန်ကြာမှင်သက်နေပြီးမှ သူ့ရဲ့ကိုယ်က လှုပ်ရှားလာပြီး သူ့အရှေ့က သားအဖထံ ဖြေဖြေးလေး တိုးသွားကာ အသံတုန်တုန်နဲ့မေးလိုက်တယ် ...

" မင်း ... မင်းယွီ ... မင်းအသက်ရှင်နေသေးတယ် "

မင်းယွီခနမျှကြောင်ကြည့်နေပြီးမှ ...

" ကျွန်တော် ဘယ်တုန်းကမှ မသေခဲ့ဘူး "

ချူးရှန့်က ပူပန်မှုတွေအားလုံးပျောက်ကင်းသွားသည့်နယ် ဒီလူသားက သူအမြင်မှားနေတာမဟုတ်သလို တခြားတစ်ယောက်လဲမဟုတ်မှန်းသိလိုက်ရတော့ မင်းယွီအား ဆွဲကာဖက်ထားမိလေတယ် ...

" အကိုအချိန်တိုင်း မင်းသေသွားပြီဆိုပြီးစိတ်မကောင်းဖြစ်နေတာ ... အချိန်တိုင်ပဲ ...

မင်းယွီရာ ... အသက်ရှင်နေတာသေးကို အကို့ကိုဘာလို့မဆက်သွယ်တာလဲကွာ "

ချူးရှန့်က ငိုတော့မည့်ပမာ ... လုယီလေးက ချူးရှန့်နဲ့သူ့ပါပါးရင်းနီးနေတာတွေ့ရတော့ မင်းယွီအင်္ကျိစလေးကို ဆွဲကာ မေးလိုက်တယ် ...

" ပါပါး ... ဒီဦးရေးကြီးက ပါပါးဒယ်ဒီလား " ( TN / မာမီချူးတို့အဖွားကြီးဖြစ်သွားပြီဟေး 🤣 )

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now