Chapter - 135 💔💔💔

11.7K 1.5K 372
                                    

Unicode
~~~~~~~~~

ချန်းဝူက ရှုမန်းအား ဖန်းဂူနဲ့လွယ်ကူစွာ ယှဉ်ပြိုင်ခွင့်မပေးခဲ့ပါ ... မင်းယွီနဲ့ဖန်းဂူပြိုင်လျှင် ဖန်းဂူကသေချာပေါက်အလျော့ပေးမယ်ဆိုတာ သူသိနေတယ် ... ရှုမန်းနဲ့ဆိုရင်တော့ ဖန်းဂူခြေတစ်ဖက်နာနေရင်တောင်မှ ရှုမန်းမနိုင်နိုင်မှန်းသိနေတယ် ... ဒါကြောင့်မို့ ချန်းဝူက မယှဉ်ပြိုင်ခင်မှာ ရှုမန်းအား သူ့ရဲ့ပုံမှန်စိတ်ပျောက်ကာ စိတ်ရိုင်းများနိုးထစေတဲ့ ဆေးတစ်မျိုး ထိုးပေးဖို့အမိန့်ပေးလေတော့တယ် ...

လူသန်ကြီး ၂ ယောက်က ရှုမန်းအား ဖမ်းချုပ်လိုက်ပြီး သူ့ရဲ့လက်မောင်းအတွင်းသို့ ဆေးတစ်လုံး ထိုးသွင်လိုက်စဉ် ရှုမန်းက ငြိမ်မနေပဲ ရုန်းထွက်ကာ ချန်းဝူအားကြည့်ပြီး  ...

" အနိုင်အရှုံးမသိသေးပဲ ကျွန်တော့ကို ဘာကြောင့်ဆေးလာထိုးတာလဲ "

" ရှုမန်း ... ဒီဆေးက မင်းရဲ့ပုံမှန်ခွန်းအား ထက်အစပေါင်းများစွာတိုးပွားစေတယ် ... သူ့မှာ လက်နတ်ရှိတဲ့အတွက် မင်းရဲ့လက်နတ်က ဒီဆေးပဲ ... သူ့ကိုတစ်ခါထည်အပြတ်ရှင်းလိုက် "

ရှုမန်းက ဖန်းဂူနဲ့အနည်းငယ်မျှချပြီး အလျော့ပေးယုံနဲ့ ပွဲပြီးမယ်ထင်ထားပေမဲ့ ချန်းဝူကယခုလိုအမိန့်ပေးလာတော့ သူစိတ်ပူပန်သွားလေတယ် ... ဒီဆေးရည်ကိုစမ်းသပ်ဖူးသူတိုင်းက တိရစ္ဆာန်ပမာအသိစိတ်ပျောက်ကာ အထိန်းချုပ်မဲ့သွားသူကြီးပင် ...

ဆေးကကောင်းကျိုးတစ်ဝက်ဆိုးကျိုးတစ်ဝက်ရှိနေပြီး စိတ်ကိုလွှတ်ထားလျှင်အသိစိတ်မဲ့နေတဲ့သတ္တဝါအသွင်ပြောင်းလဲသွားလိမ့်မယ် … အမြင်အာရုံတွေကိုဖွင့်ပြီးအသိစိတ်ကိုချုပ်ထိန်းလျှင် ဆေးထဲကပိုးမွှားတွေကဦးနောက်ကိုဖောက်စားကာ နာကျင်မှုအားဖီဆန်လျှင် ကြွက်သားတွေသေတဲ့ထိဆိုးကြိုးဖြစ်စေတယ် …

သူရှန်ဖန်းဂူနဲ့ချတဲ့အချိန်မှာ သူ့အသိစိတ်ပျောက်ဆုံးကာ ဘေးနားကမင်းယွီတို့ကိုပါထိခိုက်စေနိုင်တယ် ... ချန်းဝူက တိုက်ပွဲမှာ မလိုအပ်တဲ့မင်းယွီနဲ့ကလေးငယ်ကို အဝေးထားဖို့မစေခိုင်းပဲ အန္တရာယ်များတဲ့ကွင်းထဲမှာပဲ ထားကာ ဖန်းဂူအခက်တွေ့အောင်ရည်ရွယ်ထားပုံပင် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now