Chapter - 83

26.1K 3.6K 260
                                    

#Unicode

အားလုံးစောင့်မျှော်နေကြတဲ့ပွဲတော်နေ့လေးသို့ ရောက်လာခဲ့လေပြီ … အလှဆင်ထားတဲ့ပန်းလေးတွေက လန်းဆန်းလို့နေပြီး ကိုယ်စီအိမ်တိုင်းမှာ စားသောက်ဖွယ်ရာအပြည့်နဲ့ တစ်နေ့လုံး လူတိုင်းစားသုံးဖို့အတွက် ပြင်ဆင်ကြရန် အချိန်အခါကျရောက်လာလေပြီ  …

ဒီရွာလေးရဲ့ဓလေ့တွေထဲမှာ ဒီပွဲလေးက ပျော်စရာအကောင်းဆုံးဖြစ်သလို ဆောင်းတွင်းကာလ ပန်းပွဲတော်ဟာ တစ်နှစ်ပတ်လုံး စိတ်ဆင်းရဲသမျှတွေကို ပန်းရဲ့အလှတွေနဲ့ဖြေဖျောက်ရင်း အပြစ်တွေကိုကင်းစင်စေတဲ့အနေနဲ့ ဘိုးဖွားတွေကိုကန်တော့ပြီး ရိုးရာမုန့်တွေနဲ့ ပွဲတင်ကြတယ် …

အားလုံးရဲ့စိတ်ထဲမှာ အပျော်တွေနဲ့ပြည့်နေပြီး သူတို့ရဲ့ကြည်နူးနေတဲ့အပြုံးတွေက ပန်းလေးတွေနဲ့အတူ ပွင့်လန်းနေလိမ့်မယ်  …

နှင်းထုကြီးက အိမ်ရှေ့လမ်းကြားတွေနဲ့ အိမ်ဝိုင်းထဲမှာ ပြည့်နေပြီး လူတိုင်းမနက်စောစော အိမ်ဝိုင်းထဲက နှင်းတွေကို ရှင်းလင်းကြရတယ် … ညက ကောင်းကင်၌ အရာအားလုံး ရှင်းလင်းနေပေမဲ့ ညလယ်အရောက်မှာ ရုတ်တရပ် နှင်းမုန်တိုင်းဝင်လာခြင်းဖြစ်မည် …

ယောင်ကျားအုပ်စုက အိမ်ဝိုင်းထဲ နှင်းတွေရှင်းနေကြပြီး အမျိုးသမီးအုပ်စုကတော့ မုန့်များ စတင်ပြုလုပ်ကြလေတယ် …

မင်းယွီက အမျိုးသမီး အုပ်စုနဲ့ အတူ ရိုးရာမုန့်ဖြစ်တဲ့ ပန်းကိတ်လုပ်ရာ၌ တတ်နိုင်သမျှကူညီနေရင်း ပျော်ရွှင်စွာဖြင့် မနက်ခင်းအချိန်တွေကို ကုန်ဆုံးကြလေတယ် …

" အမကြီး … ကျွန်မတို့အားလုံးပြင်ဆင်ပြီးပြီ …

မုန့်တွေ သွားချပေးရတော့မလား "

အိုမာက အားလုံးထဲက ခေါင်ဆောင်တစ်ဦးဖြစ်သလို ရွာလူကြီးရဲ့တူမမို့ အားလုံးကလေးစားကြတယ် … မုန့်တွေပြီးသွားတော့ ပွဲတင်ဖို့ ဦးဖယ်ထားပြီး ကျန်တဲ့မုန့်တွေကို အိမ်ဝိုင်းရှင်းလင်နေတဲ့ အမျိုးသားတွေကိုကြွေးဖို့ ပြင်ဆင်ထားလေတယ် …

သူမ မုန့်မျိုးစုံလုပ်ထားတဲ့ ပန်းကန်တွေကို အိမ်ရှေ့ စင်ပေါ်မှာချထားပြီး အားလုံးပြီးဆုံးသွားတော့မှ မိန်းမအုပ်ကြီးကို အနားယူဖို့ ပြောလေတော့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now