Chapter - 117 🚨🚨🚨

18.4K 1.2K 58
                                    


Unicode
~~~~~~~

ရန်အာပြန်လည်ကျန်းမာလာခဲ့ပေမဲ့ သူ့ရဲ့ကိုယ်ကတော့ အရင်လိုသန်မာနေခြင်းမျိုးမရှိတော့ချေ … ပိုင်သခင်ကြီးနဲ့ဂိုဝူးတို့က သူ့အားစောင့်လျှောက်ပေးထားကြလေတယ် … ရှုမန်းအမှောင်လောကထဲဝင်သွားပြီးကတည်းက အိမ်သို့ တစ်ပတ်မှတစ်ခါသာရောက်လာတတ်ပြီး ရန်အာနဲ့အချိန်ကုန်ဆုံးချိန် နည်းပါးလာတယ် … သို့ပေမဲ့ ယခုရန်အာက ချန်းလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီမို့ သူစိတ်ချသွားပြီး အလုပ်ကိုသာ အာရုံစိုက် လုပ်ကိုင်နေတယ် …

ဒီနေ့တော့ ရှုမန်း သတင်းအချက်အလတ်တစ်ချို့ ရရှိလာ၍ ပိုင်သခင်ကြီးတို့နဲ့ တိုးတိတ်စွာဆွေးနွေးတိုင်ပင်နေကြတယ် …

" ချန်းရဲ့နောက်မှာ အင်အားကြီးတဲ့အမှောင်ဂိုဏ်းတွေရှိနေတဲ့အပြင် သူတို့လျှို့ဝှက်လုပ်ကိုင်နေတဲ့အရာကလဲ ပေါ့သေးသေးတော့မဖြစ်နိုင်ဘူး "

ရှုမန်းက သူလေ့လာတွေ့ရှိသမျှကို လေးနက်စွာတင်ပြလိုက်တယ် …

" ချန်းက ခုရှန်ဟွှာအမှုကို လူတွေအာရုံရောက်အောင်ပြောင်းထားပြီး နောက်ကွယ်မှာ တစ်စုံတစ်ရာကိုကြံနေတယ် … အရင်က သူတို့ပရော့ဂျက်အတွက် လူသားတွေကိုအသုံပြုနေတယ်လို့လဲကြားဖူးတယ် … ဒီလျှို့ဝှက်အစီစဉ်က ဆေးတစ်မျိုးမျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ် "

ပိုင်သခင်ကြီးက ချန်းရဲ့အကြောင်းကောင်းကောင်းသိနေ၍ ဂိုဝူးနဲ့အကြည့်ချင်းစုံလိုက်ကြတယ် … ဒီရက်တွေမတိုင်ခင်က ဆေးလောကမှာ အမည်မသိတရားမဝင်ဆေးတစ်ချို့ပေါ်လာပြီး ပြည်သူတစ်ချို့ဒုက္ခရောက်ခဲ့ကာ ထိုဆေးရဲ့တရားခံကိုလဲဖမ်းမိခဲ့ကြတယ် … သူတို့က အမှောင်ဂိုဏ်းငယ်လေးဖြစ်ပြီး ချန်းရဲ့လက်အောက်ဆိုတာ သိသာတယ် … သို့ပေမဲ့ ချန်းက ပိရိစွာလိမ်ညာတတ်ပြီး ဒီတရားမဝင်ဆေးတွေက သူနဲ့မဆိုင်ပဲ အမှောင်လောကနဲ့သာဆိုင်ကြောင်းထုတ်ဖော်ပြီး အပြစ်တွေကို အမှောင်လောကအားပုံချလိုက်တယ် … အားလုံးကလဲ တရားမဝင်ဆေးထုတ်လုပ်တဲ့ ရှန်ဟွှာကိုသာ သံသယဝင်သွားကြတယ် … ဒါကချန်းရဲ့လှည့်ကွက်တစ်မျိုးပဲ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now