Chapter - 140 ( End ❣️ )

19.1K 1.5K 167
                                    

Unicode
~~~~~~~~

မင်္ဂလာပွဲနေ့သို့ ရောက်ရှိလာခဲ့ပြီ … အရင်ကတိတ်ဆိတ်နေခဲ့တဲ့ ရှန်ဟွှာအိမ်တော်ကြီးက အသစ်တစ်ဖန် ပြန်လည် တောက်ပလာခဲ့တယ် … ကားလမ်းမတစ်လျှောက် အလှဆိုင်းဘုတ်တွေနဲ့ မင်္ဂလာပွဲနေ့ဟာ သူများနဲ့မတူအောင် စည်ကားလို့နေတယ် … အားလုံးရဲ့ကယ်တင်ရှင်ဖြစ်တဲ့ ပိုင်မိသားစုနဲ့ရှန်မိသားစု ၂ ခုပေါင်းဖက်တဲ့ မင်္ဂလာပွဲက တိုင်းပြည်တစ်ခုလုံးကို အုံကြွသွားစေတယ် …

ဒီပွဲမှာ အယ်ဖာ အိုမီဂါ ဘီတာ လူတန်းစားမရွေး ပွဲတတ်ခွင့်ရှိပြီး အရင်ကလူတန်းစားခွဲခြားပြီးဆက်ဆံသည့်စနစ်ကိုပါ ဒီမနက်စောမှာ အစိုးရက ပျယ်ဖျက်ပေးလိုက်ပြီဟု ကြေငှာခဲ့တယ် … ဒါကြောင့် ဒီနေ့ဟာ လူတွေအားလုံးရဲ့ အပျော်ဆုံးနေ့လဲဖြစ်လာခဲ့တယ် …

လူတန်းစားမရွေး မိမိစိတ်ကြိုက် အလုပ်လုပ်ခွင့် ဝါသနာပါရာပြုလုပ်ခွင့်ရရှိပြီး အရင်လို အထက်တန်းစားတွေရဲ့ဖိနှိပ်မှု အိုမီဂါအဖွဲ့အစည်းတွေရဲ့ ဖိအားပေးလေလံတင်ကာ မိတ်ဖက်ရွေးချယ်ရသည့် ဓလေ့တွေကိုပါ ဖျက်သိမ်းလိုက်တယ် … ဒါဟာ အောက်ခြေလူတန်းစားတွေအတွက် မင်္ဂလာသတင်းတစ်ရပ်ဖြစ်ပြီး မိမိရင်သွေးလေးတွေ တိုးတက်အောင်မြင်အောင် မြေတောင်မြှောက်ပေးနိုင်မဲ့ အခွင့်အရေးတစ်ရပ်လဲဖြစ်လာတယ် …

အရင်ကလို အိုမီဂါတွေက မျက်နှာငယ်လေးနဲ့ ငွေပေးပြီးအထက်တန်းစားအယ်ဖာတွေရဲ့ ကျွန်ဘဝကနေ လွတ်မြောက်သွားပြီး မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိကာ လုပ်ငန်းခွင်နဲ့ နေရာတိုင်းမှာလဲ တန်းတူဆက်ဆံခံရဖို့ အခွင့်အရေးရရှိသွားကြတယ် …

သူတို့ရဲ့အခက်အခဲဖြစ်တဲ့ ဟော်မုန်းတွေရဲ့ ဖောက်ပြန်ပြောင်းလဲမှုကို အစိုးရအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ပေးဖို့လဲ ထုတ်ပြန်လာတယ် … ယခင်ကလို ပုဂ္ဂလိကဆေးဆိုင်တွေမှာ ငွေအများကြီးပေးပြီး ဝယ်ယူစရာမလိုတော့ဘူး … ထိုအဖွဲ့အစည်းပေါ်ပေါက်လာပြီးနောက် ယခင်ကဆိုးဝါးလှတဲ့ရာဇဝတ်မှုအမြောက်အများကိုပါ ထိန်းသိမ်းလိုက်နိုင်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now