Extra - 5

6.2K 364 1
                                    

Unicode
~~~~~~~~

လအနည်းငယ်ကြာမြင့်ပြီးနောက် မင်းဟွီဟာ ဗိုက်ချုပ်ရိုးအရှင်းပျောက်ကင်းသွားပြီမို့ ဘယ်သူ့ရဲ့အစောင့်အရှောက်ကိုမှ မခံယူပဲ ကိုယ်တိုင်အလုပ်ကိစ္စတွေ စတင်ဆောင်ရွက်နိုင်နေပြီ … လုယီလေးမွေးတုန်းကထက် မင်းယွီဟာပိုပြီးကျန်းမာကာ ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေခဲ့ဘူး …

ခုဆိုရင် ဖန်းဂူဟာ သမီးလေးကိုပွေ့ချီနိုင်အောင် သင်ယူပြီးဖြစ်သလို သူအလုပ်တွေပြီးချိန်တိုင်း သမီးလေးကို လက်ကနေမချနိုင်အောင်ဖြစ်နေပြီ … သားလေးတုန်းက မွေးကင်းစအရွယ်လေးကို ထိန်းခွင့်မရခဲ့၍ သမီးလေးကိုအတိုးချထိန်းနေတာဖြစ်မယ် … ဒါပေမဲ့ သားလေးကိုလဲမမေ့မလျော့ပဲ သူချစ်မြဲပင် … သားလေးကျောင်းကနေပြန်လာချိန်တိုင်း သမီးလေးကိုပွေ့လျှက် သားလေးကိုကျောပိုးကာ အိမ်တော်ထဲပတ်ပြေးနေတတ်တယ် …

သူတို့မောသွားပြီဆိုမှ မင်းယွီအနားကပ်ကာ ဂျီလာကျပြီး သမီးလေးနဲ့အပြိုင်နို့လုစို့ကြပြန်တယ် … ဒီသားအဖတွေရဲ့ဒါဏ်ကို မင်းယွီတစ်ယောက် ဘယ်အချိန်ထိခံနေရမလဲ မသိတော့ဘူး … သမီးလေးကလဲ မင်းယွီထက် ဖခင်လက်ပေါ်မှာပိုပျော်နေတတ်တာကြောင့် မင်းယွီအလုပ်တွေကိုစိတ်ချလက်ချလုပ်နိုင်တယ် … သမီးလေးတစ်နှစ်ပြည့်တာနဲ့ မင်းယွီရှန်ဟွှာရဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်ဖို့ စတင်လေ့လာနေခြင်းဖြစ်တယ် …

သခင်းမလေးက သူတို့မိသားစုအတွက် လဒ်ကောင်လေးလို့ပြောနိုင်လောက်အောင် သမီးလေးမွေးဖွားပြီးကတည်းက ဆိုးရွားတဲ့ပြဿနာ တစ်စုံတစ်ရာမှ မကြုံရတော့ပဲ ဖန်းဂူဟာ အမှောင်လောကမှာ Lion အဖြစ် အုပ်ချုပ်နေနိုင်ခဲ့တယ် … မကောင်းတဲ့သူအနည်းစုကိုလဲ သူ့ရဲ့စကားတစ်ခွန်းနဲ့ ဒူထောက်အောင် လုပ်ဆောင်နိုင်၍ ဖန်းဂူခရီးထွက်ပြီး ဖြေရှင်းရလောက်တဲ့ထိ ဘာပြဿနာမှမကြုံရသေးဘူး …

သူ့ကိုအနီးကပ်ကူညီပေးတာကတော့ ရှုယွမ်ဖြစ်တယ် … အမြဲမတည့်အတူနေ ၂ ယောက်က တွေ့တာနဲ့ရန်သတ်နေကြပေမဲ့ အမှုတွေဖြေရှင်းရာမှာတော့ တွဲဖက်ညီပြီး ချူးရှန့်ပြီးလျှင် ရှုယွမ်ကဖန်းဂူအတွက် ဘယ်လက်ရုံးတစ်ယောက်လို အထောက်အကူဖြစ်စေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now