Chapter - 2

75.3K 6.2K 127
                                    

#Unicode

ခများတို့ကို ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် …

ဟိုရှေးရှေးတုန်းက အယ်ဖာတွေအုပ်စိုးတဲ့တိုင်းပြည်ကြီးတစ်ခုရှိသတဲ့ … အဲ့ဒိကမ္ဘာမှာ အိုမီဂါတွေက သူတို့ကို ဆပ်သပေးရတဲ့အရုပ်လေးတွေပေါ့ … ဒါကို ဘီသာတွေက အားကျလို့နေသတဲ့ … ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ …

ဟုတ်ပါတယ် … အဲ့ဒိကမ္ဘာကြီးက ကျွန်နော်နေတဲ့ကမ္ဘာကြီးပါပဲ …

ကျွန်တော်အိုမီဂါမှန်းစသိပြီး လအနည်းငယ်ထိ ဘာပြဿနာမှမရှိခဲ့ဘူး … တစတစ ထိုသတင်းက မြို့တော်မှာရှိတဲ့အဖွဲ့အစည်းတစ်ခုထံ ရောက်ရှိသွားခဲ့တယ် …

ဘေးလူတွေအထင်တော့ အိုမီဂါတစ်ယောက်က မြို့တော်အဖွဲ့အစည်းရဲ့လက်အောက်ရောက်သွားခဲ့ရင် ချမ်းသာတဲ့အယ်ဖာတွေရဲ့ ရွေးချယ်ချင်းခံရပြီး ကြီးပွားသွားကြ၍ ထီပေါက်တယ်လို့ထင်ကြလိမ့်မယ် … တကယ်တော့ထောင်ကျတာနဲ့အတူတူပဲ …

မေမေအချိန်အကြာကြီး ကျွန်တော်အိုမီဂါမှန်းဘေးပတ်ဝန်းကျင်မသိအောင် ထိန်းထားပေမဲ့ လူတွေပါစပ်ကယုံကြည့်၍မရခဲ့ဘူး … ကျွန်တော့အသက် ၂၅ ပြည့်ပြီးနောက်မှာပဲ အဖြူရောင်ကား ၃ စီးခန့်ကျွန်တော်တို့ဆင်းရဲသားရက်ကွက်လေးထဲရောက်လာကြတယ် …

အားလုံးကအထူးအဆန်းတဖွယ်ကြည့်နေကြတယ် … သူတို့မျက်ဝန်းထဲမှာ ကျွန်တော်က တခြားဂြိုလ်ကလာတဲ့လူတစ်ယောက်လိုပဲ … ဒီအခြေအနေကြီးကိုမုန်းတယ် … အိမ်ကိုလာတဲ့လူတွေကိုလဲ မောင်းထုပ်ချင်ပေမဲ့ အစိုးရရဲ့အမိန့်ကို လွန်မဆန်နိုင်ခဲ့ဘူး …

အမြဲပြုံးနေတဲ့အမေ့မျက်နှာလေးမကောင်းဘူး … ကျွန်တော့အတွက် ကျွန်တော့ကိုခေါ်မသွားဖို့သူမတောင်းပန်နေတယ် … တဖက်ကလဲအမိန့်နဲ့ဆိုတော့ ဖြောင့်ဖြပေးနေတယ် … ကျွန်တော် သူတို့အနားမှာဆက်မနေချင်တော့၍ အခန်းထဲကဖေဖေ့အနားမှာ တိတ်တိတ်လေးထိုင်နေမိတယ် …

ဆင်းရဲတဲ့ အိုမီဂါတွေကဘာကြောင့် မိသားစုဆိုတဲ့အရာနဲ့အတူမနေနိုင်ရတာလဲ … သူတို့ဖြစ်သည်မှုက ခန္ဓာကိုယ်ကိုရောင်းစားပြီး ဘဝကိုကြီးပွားအောင်လုပ်ရတယ် … အဲ့ဒိအချက်နဲ့ပဲ ကျွန်တော်မိဘတွေကို ပြန်ရှာကြွေးနိုင်မလား တွေရင်း မျက်ရည်များကျလာခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now