Extra - 1 🚨🔞🚨

22.9K 1.2K 79
                                    

Unicode
~~~~~~~~

အခန်းအနားပွဲပြီးသွားတော့ ဧည့်ပရိတ်သပ်အပေါင်းလဲ ပြန်သွားကြပြီး ကျန်ရှိနေသူများက မိသားစုဝင်များသာ ... ဧည့်ခန်းထဲ၌ ခြင်္သေ့ဦးခေါင်းရုပ်ထုအား ဖွင့်လစ်ပြထားသည့် သေတ္တာငယ်က အားလုံးရဲ့အလယ် စားပွဲပေါ်မှာ ရှိနေပြီး ရှန်ဖန်းဂူက ထိုအရာအား စိုက်ကြည့်နေတယ် ... သူ့ရင်ထဲမှာ မေးချင်တဲ့မေးခွန်းတွေ ရှိနေတာ အသိသာကြီးပင် ... ထိုအရာကိုသိနေတဲ့ ရှန်ဟွှာရန်းက စကားစမည်ပြောလာခဲ့တယ် ...

" စိတ် ၇ လုံးအကြောင်း သိချင်နေတာလား ဖန်းဂူ "

" ကျွန်တော် သိချင်တယ်အဖိုး ... ဒါကဘယ်ကနေ ရလာတာလဲ "

ရှန်ဟွှာရန်းက သက်ပြင်းရှည်တစ်ချက်ချပြီးမှ ဖြေဆိုလာခဲ့တယ် ...

" တကယ်တော့ ဒီဇာတ်လမ်းက ချန်းဝူယောင်းက အစပြုခဲ့တာ "

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ပြဿနာတွေမဖြစ်ပေါ်မှီ မာန်ဂိုလူမျိုးရဲ့သခင်လေး မာန်ဂိုဝူး ( ရွာလူကြီး ) ဟာ ပိုင်ယွိဟန်ရဲ့လက်အောက်မှာ တရားဝင်တပည့်အဖြစ် ထုတ်ပြခဲ့ပြီး လူတွေကိုအံ့အားသင့်စေခဲ့တယ် ... ဂိုဝူးက သူတို့ကျွန်မျိုးနွယ်ရဲ့ တတိယမျိုးဆက်ဖြစ်ပြီး ဘိုးဘွားပိုင် အမွေအနှစ်တွေနဲ့ ချမ်းသာတဲ့သခင်လေးတစ်ဦးဆိုလဲမမှားဘူး ... သူ့ကိုလိုချင်နေတဲ့သခင်တွေများစွာထဲက ပိုင်ယွီဟန်ကိုရွေးချယ်လိုက်တဲ့အတွက် ချန်းဝူယောင်းက မကျေမနပ်ဖြစ်သွားပြီး အမှောင်ဂိုဏ်ကို စတင်ဖွဲ့စည်းတယ် ... သူ့ရဲ့ရည်ရွယ်ချက်က အဖိုးတန်ရတနာပိုင်ဆိုင်ထားတဲ့ မာန်ဂိုမျိုးနွယ်စုကိုဖျက်စီးပြစ်ဖို့ပဲ ...

သူအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အလွန်တန်ဖိုးကြီးတဲ့ စိန် ၇ လုံးကိုပါ ပိုင်ဆိုင်သွားတယ် ... ဒါတွေကိုဆုံးရှုံးလိုက်ရတဲ့ ဂိုဝူးက အသတ်မခံရအောင်ထွက်ပြေးရင်း သိမ်းမြုတ်ပြီး ရွာငယ်လေးမှာ ကျန်ရှိနေတဲ့ သူတို့လူမျိုးတွေကိုစုပြီး သာမာန်ဘဝလေးအတိုင်းနေထိုင်ပြီး အသက်ရှင်ရတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now