☕ Chemistry between us❤ Part 82

216 18 130
                                    

❤🏰 ​ဆေးရုံက​နေ ပြန်လာပြီး တစ်ညလုံး​ရော အခုမိုးလင်းတဲ့အထိ ကျွန်​တော့်အနားမှာ​ကော်နဲ့ကပ်​နေသလို ကပ်​နေရှာတဲ့ ​ကော်ဖီတုံးကြီးကို အားလည်းနာရသလို တအားလည်း ချစ်ရသည်............

သူ့အလုပ်​တွေနဲ့ ခရီးတစ်​လျှောက်လုံး ပင်ပန်း​လာရတာကို ကျွန်​တော့်အတွက် ထပ်စိတ်ပူပြီး စိတ်ပင်ပန်းခဲ့ရ​သေးတာမလား...........

အိပ်​မောကျရင်း ထွက်​ပေါ်​နေတဲ့ စည်းချက်ကျကျ အသက်ရှု​သံ​ခပ်ပြင်းပြင်းတွေကို ​တေးသီငှက်သံ​တွေအစား နားဆင်ကာ မြတ်နိုးရတဲ့ သူ့မျက်နှာကို ​လှမ်းငေးမိ​တော့ ပြီးပြည့်စုံတဲ့ သူ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကအစ အမြဲတ​စေ ကျွန်​တော့်ရင်ခုန်သံ​တွေကို အလုပ်ရှုတ်​​အောင် ပြုလုပ်နိုင်တာပါပဲ...........

စွင့်ကား​နေတဲ့ ​မေးရိုးတစ်​လျှောက်မှာ ထွက်​ပေါ်​နေတဲ့ မှုတ်ဆိတ်ကျဥ်စွယ်​ရေး​ရေးနဲ့ ​သေသပ်ပုံကျတဲ့နှုတ်ခမ်း​မွှေး​​ရေး​ရေးကို ​ငေးကြည့်ရင်း တစ်ချိန်က သူ​ပြောဖူးတဲ့ "အလုပ်ချိန်ပြီးတာနဲ့ က​လေးကိုလွမ်း​နေရလို့ ဘာမှကိုမလုပ်နိုင်ဘူး"ဆိုတဲ့ စကားတစ်ခွန်းက ​ခေါင်းထဲ​ရောက်လာရသည်.........

တကယ်ကို ​ပြောရင် ​ပြောတဲ့အတိုင်း​နေတတ်တဲ့လူကြီးပါဗျာ..........မ​​နေ့ကပဲ သူ့လက်က ထပ်ခိုက်မိထားတာဖြစ်လို့ နှိုးလာရင်​တော့ ရိတ်​ပေးဦးမှလို့ ​တွေးထားရ​သေးသည်...........

​တွေး​တွေးကြည့်ကြည့်ဆိုသလို သူ့ညာလက်ကို​တစ်ချက်လှမ်းကြည့်လိုက်​တော့ ​ညကပဲ ​ရေမိုးချိုးရင်းနဲ့ ပတ်တီး​ကို ဖြည်ထားလိုက်တယ်နဲ့တူပါတယ်........
ထင်းလင်း​နေတဲ့ လက်ခုံ​ပေါ်က လက်ဆစ်​လေးခုမှာ သွေး​ခြောက်စပြု​နေတဲ့ ဒဏ်ရာ​တွေကိုကြည့်ရင်း ရင်ထဲမ​​ကောင်း.............

လက်သန်းကြွယ်မှာဝတ်ဆင်ထားတဲ့ ​စေ့စပ်လက်စွပ်​လေးကို အသာလှမ်းတို့ထိ​လိုက်တော့ ​စေ့စပ်​နေ့က ပုံရိပ်​တွေကျ ဆက်တိုက်ဆိုသလို ပြန်မြင်လာရ​င်း မျက်ရည်ကျရသည်............

ကျွန်​တော့်ကို ဘာလို့များ ဒီလူသား အခု​လောက်ထိချစ်​မြတ်နိုးနေရတာလဲ မသိ​​​​တော့ပါဘူးဗျာ..............

Classic Love 🖤 ❤Opowieści tętniące życiem. Odkryj je teraz