☕Love Museum❤ Part 93(H)

157 11 272
                                    

🍷🏰 Mini Bar​ရောက်​တော့ Bartender (ဘားတွင် အ​ဖျော်၊ယာမကာကို ကျွမ်းကျင်ပိုင်နိုင်စွာ​ဖျော်စပ်​ပေးသည့်သူ)က ​ကိုယ့်ကိုမြင်တာနဲ့ ​တစ်ချက်လှမ်းပြုံးပြပြီး နှုတ်ဆက်တယ်......

သူ​ဖျော်စပ်​ပေး​နေတဲ့ ​အဖျော်ခုံနားသွားထိုင်ကာ Spirytus Vodkaတစ်ပုလင်း​ပေးဖို့​ပြောတော့ ​ပွဲလမ်းသဘင်​တွေနဲ့ ​နေ့ကြီးရက်ကြီးပိတ်ရက်ဆိုရင် ​ပိုပြီးသောက်တတ်တဲ့ ကျွန်​တော့်အကျင့်ကိုသိ​တဲ့သူပီပီ ည​နေကျ Resortမှာ ဝိုင်ပါတီလည်းရှိမှာကို ခုကတည်းက ကြို​လာသောက်​​နေတာလားလို့ ​မေး​သေး.......

ခုချိန်မှာ ဘယ်သူ့ကိုမှ ဘာစကားမှပြောမ​နေချင်တာ​ကြောင့် ခပ်​ရေး​ရေးပဲ ပြန်ပြုံးလိုက်ရင်း မှာတာသာ​ပေးဖို့​ပြောလိုက်​တော့ ​​ခေါင်းတစ်ချက်ပြန်ငြိမ့်ပြကာ ဖန်ခွက်တစ်လုံးနဲ့အတူ Spirytus Vodka တစ်ပုလင်းထုတ်​လာပြီး ကျွန်​တော့်​ရှေ့မှာလာချပေးသည်.......

🍷 : Thanks bro....

"ရပါတယ်ကွာ.....ဒါနဲ့ ဟိုနားမှာ ထိုင်​သောက်​နေတဲ့ တစ်​ယောက်က ငါ့ညီအသိမလား??? ဟိုးတစ်​ခါတုန်းက အတူတူသောက်ဖူးသလားလို့......"

Bartender​ညွှန်ပြ​နေတဲ့ဘက် တစ်ချက်လှမ်းကြည့်လိုက်​တော့ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်သွားရသည်.......

Alchol%(အရက်ပါဝင်မှုနှုန်း) 96% ပါတဲ့ Spirytus Vodkaမ​သောက်ရ​​သေးဘူး ဒင်းကြည့်ပြီး မူး​တောင် မူးချင်သွားတယ်.....

ငရုတ်သီး🌶ဗျာ!!! ငရုတ်သီး🌶 အဲ့​ကောင် အရက်လာ​သောက်​နေတာတဲ့!!!!​ ​ဟိုတစ်ခါတုန်းက​တော့ Barလာပြီး​ သောက်ကျိုးနည်း က​လေး​သောက်တဲ့ စ​တော်ဘယ်ရီဒိန်ချဥ်​ ထိုင်သောက်တဲ့​ အဲ့ဒီကောင်က​လေ အခု​တော့ ဝီစကီတစ်​ပုလင်းနဲ့ ထိုင်​နေသတဲ့.......

ဒီပုံစံနဲ့ ငရုတ်သီး ကမ္ဘာကြီး​ကတော့ မကြာခင်အချိန်အတွင်း ပြောင်းပြန်​တွေ လည်ကုန်​တော့မှာပဲ.......

🍷 : ဟာ ဟုတ်တယ် အစ်ကို.....အဲ့ဒါ ကျွန်​တော့် သူငယ်ချင်း Alex.....အစ်ကို့သားဆီက ဒိန်ချဥ်ဖူးကို ​တောင်းသ​လောက်​စျေး​ပေးပြီး ဝယ်​သောက်တဲ့တစ်​ယောက်​လေ.....

Classic Love 🖤 ❤Där berättelser lever. Upptäck nu