❄~Hello📣

75 7 27
                                    

ကျွန်​တော် တစ်ခု​​လောက်ပြောပြချင်ပါတယ်။ စာဖတ်တဲ့သူ​တွေအ​နေနဲ့ ဆုံးဖြတ်လို့ရ​အောင်ပါ။ ဒီ​နေ့ ညတင်ပေးမယ့် Part 92(D)နဲ့ပတ်သတ်ပြီး ​ပြောချင်တာ​လေးရှိလို့ပါ။

ဒီလိုဗျ။ အဲ့ဒီ Part 92(D)က Reo 🍷နဲ့ Jack👨‍🍳ရဲ့ သီးသန့် အပိုင်းတစ်ခုလို ဖြစ်သွားပါတယ်။ ဒီ​တော့ သူတို့🍷👨‍🍳၂​ယောက်ကို ဖတ်ချင်တယ်ဆိုရင်​တော့ ဖတ်ကြပါ။

☕❤တို့အ​တွေးနဲ့အပိုင်း​တွေက​ နောက်အပိုင်း​တွေမှာမှပဲ ​တောက်​လျှောက်ပြန်ပါပါ့မယ်လို့။ကြို​ပြောထားပါတယ်​နော်။​ကော်ဖီခဲ☕မပါဘူးလား ပတ္တမြားခဲ❤မပါဘူးလား မ​မေးပါနဲ့။ မ​တွေ့ရင် မပါဘူးလို့မှတ်ပါ။ ကျွန်​တော်​ အခုကြိုပြောပြပြီးသားမို့လို့ပါ။ ကျွန်​တော့်ဖန်တီးမှုက အခန်းဆက်ဝတ္ထုရှည် ကြီးလို ဖြစ်​နေပါပြီ။ အ​သေးမစိတ်ရရင်ကို အဆင်မ​ပြေ​တော့လို့ပါ။(တကယ်​တော့ အ​သေးစိတ်ရတာက အ​တော်ကြီးကို ပင်ပန်းပါတယ်) ဒီ​တော့ သွား​တော့ သွား​နေတယ်။ တအိအိနဲ့​ရှေ့​ကိုတော့ ဝုန်းခနဲရောက်နိုင်​သေးဘူး​ပေါ့ဗျာ။ ယူတတ်ရင်​တော့ တစ်ခုခုရ​ကောင်းရပါလိမ့်မယ်။ရသဖြစ်​စေ သုတ​ဖြစ်​စေ​ပေါ့။

စာလုံး​ရေကထုံးစံအတိုင်း တ​စ်သောင်း​ကျော်ပဲဆို​တော့ ထပ်ပြီးတခြား ဇာတ်​ကောင်​တွေအတွက် အဲ့ဒီ 92(D)ထဲမှာ ထည့်ပေးဖို့လို့ ​နေရာက ဘယ်လိုမှကို မကျန်​​တော့တာ​ကြောင့်ပါ။ ဇွတ်ထည့်လိုက်ရင် ရ​ပေမယ့် ဟိုမ​ရောက်ဒီမ​ရောက်​တွေနဲ့ အကုန်တန်းလန်း​တွေဖြစ်ကုန်မှာ စိုးလို့ဆိုပါ​တော့။ Wp error ကလည်း ခပ်များများရယ်​လေ။

ဆို​တော့ ကျွန်​တော်က Resortကြီးမှာ ဝိုင်ပါတီကျင်းပ​ပေးမယ်လို့ စကားစခဲ့တာ​ကြောင့် ဒါ​တွေကိုအကုန် တာဝန်ယူ​ရေး​ပေး​နေရတာပါ။ မ​ရေးလည်းရတယ်။မ​ရေး​တော့ ဘာဖြစ်လဲ??ဘာမှဖြစ်ဘူး ဘာဗဟုသုတမှလည်း မရ​တော့ဘူး​​ပေါ့။ကျွန်တော့်ဘဝတစ်​လျှောက်မှာ ဝိုင်ဆိုရင် Spy wine ရယ် Full moon wine ရယ် ပြီးခဲ့တဲ့ New year ညက 2016ထုတ် ပြင်သစ်ဝိုင်တစ်မျိုးရယ်ကလွဲပြီး ဘယ်ဝိုင်မှ မ​​သောက်ဘူးပါ။ဒီ​တော့ လွှဲမှားတာမျိုး တစ်ခုခုရှိခဲ့​သော် နားလည်​ပေး​စေလိုပါတယ်။

Classic Love 🖤 ❤Where stories live. Discover now