☕Love-with Collaboration❤Part 83(A)

187 22 254
                                    

🖤 : ငယ်​ ~ ~ ~ ~ ရေ ! ! ! ! ! ! !

❤🏰 ဟုတ်ပါတယ် အဲ့ဒါ ဟိုလူကြီး ​ကော်ဖီတုံးကြီးရဲ့ အသံစစ်စစ်ပါပဲ........ခုလည်း လူကို ​အော်​ခေါ်​နေတာသာကြည့်.......စော​​စော​စီးစီး ဘာဖြစ်ပြန်ပြီလဲ မသိပါဘူးဗျာ.......... အိပ်ချင်မူးတူးနဲ့ ခုံ​​ပေါ်က ဖုန်းကိုလှမ်းယူပြီး ကြည့်လိုက်​တော့ အချိန်က မနက်၅နာရီပဲ ရှိ​သေးသည်...........

❤ : အင်း...... Sept 26ရက်​​နေ့​တောင်​ ရောက်ပြီပဲ......တစ်လတစ်လနဲ့ အချိန်​တွေကုန်တာလည်း မြန်လိုက်တာ.........

ဖုန်းscreen​ပေါ်က ​ရက်စွဲကိုကြည့်ရင်း ဖမ်းဆုပ်ထားလို့ မရတဲ့ ​နေ့ရက်​တွေအ​ကြောင်း တစ်ချက်ညီးတွားကာ အလွမ်းတွေ မသက်​ရောက်နိုင်တဲ့ ထိုလူသားရဲ့ အချစ်​တွေနဲ့ ထပ်တူတည်ရှိ​နေရ​တော့ ကျန်ရစ်ခဲ့တဲ့ ရက်သတ္တပတ် ၃ပတ်​ကျော်ဆိုတဲ့ အချိန်​​တွေက ဘယ်လိုကုန်လို့ ကုန်ခဲ့မှန်း​တောင်မသိ..........

ကျွန်​တော့်နဖူးက ဒဏ်ရာကလည်း ​ပျောက် ကင်းစပြု​နေပြီး ကိုကိုလည်း P'Din​​ပြောင်းပေးသွားတဲ့ အား​ဆေးနဲ့ အဆင်​ပြေ​​နေတော့ အရင်လိုညဘက် အိပ်မ​ပျော်တာမျိုး​တွေ​တောင် သိပ်မဖြစ်​တော့လို့ ​​တော်​သေးတာပါပဲ.........

🖤 : က​လေး.......​ရေ..........Saint........

ကျယ်​လောင်စွာ ဆက်တိုက်ထွက်​ပေါ်​​နေတဲ့ ကိုကို့​အော်​ခေါ်သံ​ကြောင့် လွန်စပြု​တော့မယ့် အ​တွေး​တွေကို အမြန်ရပ်ကာ မျက်လုံးကို လက်နဲ့တစ်ချက်ပွတ်လိုက်ရင်း အခန်းမီးဖွင့်ပြီး အိပ်ချင်မူးတူးနဲ့ လာပြီ​တစ်ခွန်း​အော်ပြောကာ သူ့အသံလာရာအတိုင်း နားစွင့်ထားရင်း ​သွား​ကြည့်လိုက်တော့ ​အသံက Toiletထဲက ဖြစ်​နေသည်............

🖤 : ဟာ!!! Saint~~~ ကို​ခေါ်​နေတာ မကြားဘူးလား.......ခဏ လာဦးလို့........

❤ : အားးးး ​ရောက်နေပြီဗျ!!! ကျွန်​တော်အော်​ပြော​နေတာကျ မကြားဘဲနဲ့ ဘာလဲ​​ပြော!!!!

🖤 : Saint Suppapong!!!!!

Toilet ​ရှေ့​ရောက်​နေတာကို အထဲက​နေ အ​သေ​အော်​ခေါ်​နေ​တော့ စိတ်ကတိုလာရပြီ........

❤ : ကျစ် ဟာဗျာာာာာ........

ဒုန်း!!!!!!

စုတ်တစ်ချက်သပ်ကာ တံခါးကို ဒုန်းခနဲ တစ်ချက်ပိတ်ကန်လိုက်ရင်း........

Classic Love 🖤 ❤Where stories live. Discover now