☕Power of Charm❤ Part 69(B)

344 22 40
                                    

❤🏰ကိုကိုလည်း စကားလမ်း​ကြောင်း စဖွင့်​ပေး​လိုက်တော့ ကျွန်​တော်လည်း အ​ကောင်းဆုံး ​ပြောပြ​ပေးဖို့ပဲ ပြင်လိုက်ရပြီ.......

❤ : ပထမဦးဆုံး Emotional Intelligence အ​ကြောင်းကို မ​ပြောပြ​သေးခင် ​ဖြေခိုင်းစရာ​လေး ၂ခုရှိတယ်.... ဒီ စာရွက် အဖြူ​လေးထဲမှာ ​ဖြေ​ပေးပါ....

ပထမ၁ခုက ၃စက္ကန့်အတွင်း ကိုယ်ချစ်တဲ့သူ ၃​ယောက်ကို ချ​ရေး​ပေးပါ.....

ကမ်းလင့်လာတဲ့ စက္ကူအဖြူ​ပေါ်မှာ သူ​ရေးခိုင်းတဲ့အတိုင်း ချ​ရေးပြီး ပြန်​ပေး​လိုက်တော့ သူကပြုံးပြီးဖတ်​နေတယ်........

အခု Saint ပြုံး​နေတဲ့ အပြုံးက ကျွန်​တော့်ရဲ့ Therapist ​P'Roseရဲ့ အပြုံး​တွေလိုပဲ.... အထူးသဖြင့် ကျွန်​တော့်အ​ပေါ်နားလည်မှု အပြည့်ရှိတဲ့ သူ​တွေဆီမှာပဲ ​တွေ့ရတဲ့ အပြုံးမျိုး​​​ပေါ့......

❤ : ​နောက်တစ်ခု ကျွန်​တော်​မေးတာကို ဆက်​ဖြေ​ကြည့်ပေးပါ.....

ကိုကိုနဲ့ အသက်ရွယ်တူ​လောက်ပဲ ရှိမယ်ထင်လို့ P'လို့ပဲ သုံးပါရ​စေ.... ဒါကျွန်​တော်တို့အ​ပေါ် ဘယ်လိုလုပ်ရပ်​တွေလုပ်ထားပါ​စေ ကျွန်​တော့်ဘက်က လူ့ကျင့်ဝတ်အရ ​လေးစားသမှုနဲ့​ ခေါ်တာမျိုးပါ......

P' Bank accထဲမှာ $သန်း​ပေါင်း 86,400ရှိတယ် ဆိုပါ​တော့....အဲ့ဒီ​ငွေပမာဏကို P' တစ်ရက် အတွင်းပဲ အသုံးပြုခွင့်ရှိမယ်.... ​နောက်တစ်ရက်ကျရင်လည်း bank acc ထဲမှာ အဲ့ဒီအတိုင်း $86,400 အတိုင်း တပြားမှ မ​လျော့ဘဲ ပြန်​ရောက်​နေမယ်လို့ ကျွန်​တော်က ​ပြောရင် ယုံမလား.....

🎃 : ဖြစ်နိုင်ပါ့မလား ဘယ်သူက​ အဲ့လိုပေးမှာလဲ.....

❤ : အဟား ဒါ​ပေါ့ အဲ့ဒီပမာဏနဲ့ တူတဲ့ အရာတစ်ခု​တော့ ကျွန်​တော်တို့ အားလုံးရရှိနေတယ်ဆိုရင်​ရော....

​မေးခွန်း​တွေပြည့်​နေတဲ့ အကြည့်​တွေနဲ့ ကြည့်​နေတာ​ကြောင့် ကျွန်​တော်ပဲ ဆက်​ဖြေ​ပေးလိုက်သည်.....

❤ : အချိန်​လေ P'....

🎃 : အချိန်...

❤ : ဟုတ်တယ် $86,400ကို ကိုယ်စားပြုထားတာအချိန်ပဲ..... ​

Classic Love 🖤 ❤Where stories live. Discover now