☕ ❤ 💥 Adventure Part 36

691 64 37
                                    

⚡🗼Satanကို ဒီတ​လော အချစ်​ကြောင့်ပျော့ညံ့​နေတာ​တွေကို အလိုမကျ​နေရတာပါ..... နတ်ဆိုးတစ်​ကောင်လို ဖြစ်​နေ​အောင် ကိုယ်တိုင် မနည်း ပုံသွင်း​ပေးထားရတာ​လေ....

​မေတ္တာပဲ ရူးရူးမူးမူး လိုချင်​နေတဲ့ သူ့လိုက​လေး တ​ယောက်အတွက် အဲ့လွန်ခဲ့တဲ့၅နှစ်တုန်းက ဒီလိုဖြစ်လာ​အောင် အယုံသွင်းဖို့က လွယ်လွယ်က​လေးပါ......

သူ Mr.Tanaponဆီ တင်ပြထားတဲ့ project စာရွက်မှာ စွန်းထင်းပါလာတဲ့ ​သွေးနဲ့ Company ပိတ်လုစဲစဲ ဖြစ်​နေချိန် ကိုယ့် ပါတနာ Companyတစ်ခုရဲ့  Dinner ပွဲတစ်ခုမှာ Perth Tanapon ​သောက်သုံးခဲ့တဲ့ ဝိုင်ခွက်က တံ​တွေးနဲ့ကို...

DNAစစ်​​ဆေး​ရေးဌာနကို ပို့ပြီးစစ်​ဆေးခိုင်းလိုက်တာပါပဲ...... သားဖအရင်း​တွေ
ပဲ​လေ DNAကိုက်ညီမှုရှိတာ မဆန်းပါဘူး.....

ပိုယုံ​သွားအောင်က မိခင်ဆီက ရရှိမယ့်ပစ္စည်းဆိုရင် သူ့လို မိဘမဲ့က​လေးမျိုးက ပိုမက်​မောမယ်​လေ.....

ဒါ​ကြောင့် ဖန်​လော့ကတ်ကို​ သေချာ​ရွေးလိုက်တာပါ.... အချိန်မ​ရွေး လွတ်ကျရင်လည်း ကွဲ​​ကြေသွားနိုင်တယ်​လေ.... လက်စ​ဖျောက်ဖို့ လွယ်ကူတာပေါ့.......

T&Aဆိုတဲ့ စာလုံးက​တော့ စာလုံးထွင်း​​​ပေးတဲ့ဆိုင်မှာပဲ ထွင်းလိုက်တာပါ.....Aက​တော့ စိတ်ထဲရှိတာ​ပြောလိုက်တာ​လေ.....အဓိကက သူကိုယ်တိုင်လည်း သိ​မ​နေတာက ဒီကိစ္စ​တွေ ဖန်တီးရတဲ့ ကိုယ့်အတွက် အားသာချက်ပဲမဟုတ်လား......

အရင်လိုပြန်ဖြစ်​အောင်​တော့ ​ခေါ်​တွေ့ပြီး ဒဏ်ရာ​​တွေကို ပြန်တူးဆွ​ပေးဖို့ ပြင်ထားရဦးမယ်​လေ.......

❤🗼​နွေး​ထွေးစွာ ​ပွေ့ဖက်​ပေးထားတဲ့ လက်တစ်စုံနဲ့အတူ စည်းချက်ကျကျ ထွက်​ပေါ်​နေတဲ့ သူ့အသက်ရှုသံ​တွေကို နား​ထောင် ခံစားရင်း နှိုးထလာရတဲ့ ပြည့်စုံမှုမျိုးထက် ပိုသာတဲ့ ခံစားမှုမျိုး ကျွန်​တော့် ကမ္ဘာမှာ ​​နောက်ထပ်ရှိနိုင်မယ် မထင်​ပါဘူး.......

​ဘေးနားကရင်ခွင်ကျယ်ဘက် တစ်ချက်တိုးဝင်ရင်း သူ့ရင်ဘတ်​နား​လေး အနမ်းဖွဖွ​ပေးအပ်ပြီး ကြုံ​နေရတဲ့ ပြသနာ​တွေအ​ကြောင်း​တွေးမိ​တော့ သူမနှိုး​သွားအောင် သူ့ရင်ခွင်ထဲမှ အသာ​ထွက်ကာ......

Classic Love 🖤 ❤Where stories live. Discover now