☕ ❤ 💚 🍎 Part 7

1.1K 88 53
                                    

ချစ်ခြင်းတရားတစ်ခုဖြစ်တည်ရန် ☕

အမှန်တကယ် ချစ်မြတ်နိုး​ကြောင်း ❤

သဝန်တိုမှု​လေး​​တွေက​နေတဆင့် 💚

ကိုယ့်နှလုံးအိမ်ထံ သက်​သေပြု 🍎

တင်ပြဖို့​တော့ လိုအပ်တယ်မလား ☕❤

☕ ❤ 💚 🍎.....

ဒီ​နေ့မှ ​လောကကြီးက ပို၍ အစိမ်း​ရောင်​အလင်းတန်း​တွေ ဖြန့်ကျက်နေ​သလိုပင်......

☕ ❤ ☕ ❤ ☕ ❤

ဖြာကျ​နေ​သော ​​​နေခြည်​နုခပ်နွေး​နွေး​ကြောင့် မနက်အာရုဏ်တက်ချိန်​ရောက်​နေသည်ကို သတိထားမိလိုက်သည်....
ညကသူ့ဆီ စာ​လေးနဲ့ပန်းသီး​လေးပို့​ပေးလိုက်တာ သူမြင်မှမြင်ရဲ့လားမသိ... ဘာ​တွေကြုံ​နေရလည်းမသိ​ပေမယ့် လက်ရှိ​တော့စိတ်ပင်ပန်းရတာ​တွေ​ ထပ်မကြုံ​စေချင်ပါဘူး​လေ...

အိမ်မှာဆိုPorလည်း တစ်ခါတစ်​လေ သူ့လိုဖြစ်​နေကျ... ဘယ်အလုပ်မှ ဝန်​ပေါ့ပြီး
သက်သာတာမရှိတာကိုသိပါတယ်...
ကျွန်​တော့် သူငယ်ချင်းဟို၂​ယောက်လည်း သူတို့အလုပ်stress​ပိတိုင်း လာလာနားပူကြတာကို ခံ​ပေးရတာအမြဲ...သူတို့က​တော့ Gameတူတူ​ဆော့​ပေးလိုက်တာနဲ့ ​ပိလာသမျှ Stress​ပေါင်း ​သောင်း​ခြောက်​ထောင်ကို မေ့သွားတာမှ ကြက်​ပျောက်ငှက်​ပျောက်​လေ...

ခုက သူ့ကိုကျ Game​ဆော့မလားသွား​မေးလို့ကလည်းမရ...သူ​ဖြေရှင်းလုပ်ကိုင်​နေတဲ့ အလုပ်ကိစ္စ​တွေအားလုံးကိုလည်း နားသိပ်မလည်​​သေးတော့ ကျွန်​တော်လက်လှမ်းမှီသ​လောက်လုပ်​ပေးနိုင်တာ​လေး လုပ်​ပေးမိခဲ့တာပါ....

ထွေထူးပြီး​တော့ သူ့အ​ပေါ်မှ လုပ်​ပေးရတာမျိုး​တော့လည်း မဟုတ်နိုင်ပါဘူးလို့ တစ်ချက်​တွေးရင်း သူလည်းခုချိန်ဆို ထနေ​လောက်ပြီဖြစ်လို့ အ​တွေးတို့ကို လက်စသတ်လိုက်ပြီး မနက်စာပြင်ဆင်တာကို ပြောပြ​ပေးဖို့ ထရ​တော့မယ်​လေ....

မျက်နှာသစ် သွားတိုက်ပြီး​ ​အောက်ထပ်က စားဖို​ဆောင်ဆီ ​ဆင်းလာလိုက်တော့ Milo​ဖျော်​နေသည့်သူ.......
ကိုယ့်ဘက်ကပဲ စတင်နှုတ်ဆက်လိုက်ရင်း...

Classic Love 🖤 ❤Where stories live. Discover now