☕❤☀️🌙Love Tune Part 43

652 46 26
                                    

Engagement Plan Day 5 ☀️🌙

မိုးလင်း​တော့ နံနက်ခင်းရဲ့ ရောင်နီ​နွေး​နွေးတို့က လိုက်ကာဖြူတို့ကနေ ထိုး​ဖောက်ဝင်​နေ​တာကို တစ်ချက်လှမ်းကြည့်လိုက်​ရင်း...

ညက​ပွေ့ဖက်ထားတဲ့ကိုယ်လုံး​လေးက ပုံမှန်ထက် အသက်ရှုမြန်​နေသလို ရှိတာ​ကြောင့် ​ဘေးကိုလှည့်ကြည့်လိုက်​တော့ အိပ်​မောကျ​နေတာကိုက မသိရင် ပြုံးပြ​နေတဲ့ပုံစံနဲ့.........

ကျွန်​တော်နဲ့ ကျွန်​တော့်က​လေးကြားထဲ ဇွတ်ဝင်တိုးအိပ်​နေတဲ့ Robin က​လေး.....
​​ပေါင်နားမှာ​တော့ ကျွန်​တော့်သား Miloကြီး​ပေါ့ဗျာ....

၂​ယောက်စလုံးကို အလွတ်ကိုမခံပါဘူး ​ကျွန်​တော့်​ပေါင်​ပေါ်ကို လက်​တွေတင်ထားရင်း ဗိုက်လုံး​​လေးက​တော့ ဂွမ်း​စောင်ဖြူ​ပေါ်မှာ ​ကျကျနနထားပြီး ​ခြေ​ထောက်​လေး၂ဖက်က​တော့ ကျွန်​တော့်က​လေးဘက်ကို လှမ်းတင်ထားတာ​လေ....လူကိုတအားနင်းကပ်ကြတဲ့ ၂​ကောင်ပါဗျာ.....

Robinလေးနဲ့ကွယ်​နေတာ​ကြောင့် က​လေးမျက်နှာက​လေးကို မမြင်ရလို့ ​ခေါင်းကိုလက်​နဲ့ထောက်ထားပြီး Robinကို ​ကျော်ကြည့်​တော့မှ ဝါဂွမ်းလုံး​လေးကို​တွေ့ရပြီ.......

ညကလည်း အသံ​လေးကြားသလိုလိုရှိလိုက်​ပေမယ့် ဘယ်လိုမနိုးသွားမှန်းမသိ.... ဒီရက်ထဲ တစ်ခါမှ မ​လေ့လာဖူးတာ​တွေ ဇွတ်တွန်းမှတ်ရင်း ​လေ့လာ​နေတာ​တွေရယ် အလုပ်ကိစ္စ​တွေရယ်နဲ့ လူက နည်းနည်းပင်ပန်းတာလည်းပါမှာပါ​လေ.....

Robin ဗိုက်လုံး​လေး​ပေါ်က လက်​ဖွေး​ဖွေးနုက​လေးကို အသာယူကာ ဆုပ်ကိုင်ထားရင်း အ​တွေး​တွေ ဖြန့်ကျက်​နေမိတာ က​လေး ​ခေါ်သံ​လေးကြားမှ ပြန်သတိကပ်ရ​တော့သည်.....

❤ : ကိုကို....

🖤 : ဗျာ့... နှိုးပြီလား က​လေး​လေး...

❤ : အင်းးးး နှိုးပြီ.... ကိုကို ဘာ​တွေ​တွေး​နေတာလဲ...အလုပ်က အဆင်​ပြေရဲ့လားဟင်....ကျွန်​​တော့်ကို ​​ပြောပြ​နော် တစ်ခုခုဆိုရင်....

🖤 : ​ပြေတာ​ပေါ့ က​လေးရဲ့ စိတ်မပူနဲ့​နော်....အင်း ​ကိုကို ပြောပြမှာ​နော်...

Classic Love 🖤 ❤Where stories live. Discover now