🌌 🌛 ☕ ❤ Part 10

1K 108 54
                                    

လိုအပ်သည်များကို ဝယ်ခြမ်းပြီး ကုန်တိုက်မှ ကားပါကင်သို့ အထွက်...
ရုတ်တရက်ထွက်လာသည့် ကားတစ်စီး.....

တီ..................................

အနားမှကပ်၍ ​ဟွန်းသံရှည်ဆွဲကာ မောင်းထွက်သွားသည်ဖြစ်လို့ ​​လျှောက်လမ်းရဲ့ ဆန့်ကျင်ဘက် ဘေးသို့​ခွေချသွားသည့် ပတ္တမြားခဲ​လေးအား ​အ​ပြေးထိန်းကူပြီး ​ပွေ့​ပေးလိုက်​​သော ​ကော်ဖီခဲ......

🖤 : ​ဟေး Saint! Saint ! ရရဲ့လား....
ဟာကွာ.... စည်းမဲ့ကမ်းမဲ့နဲ့ ကားကို ဘယ်လို​တွေ​မောင်း​နေကြလဲမသိဘူး......ကျွတ်စ်
တစ်ချက်စုတ်သတ်လိုက်ရင်း ​ခွေညွှတ်ကျ​နေ​သော သူ့ဆီမှ စကားပြန်မရလို့ ကြည့်လိုက်​တော့.....

သူ့နားရွက်က​လေး၂ဖက်ကို အုပ်မိုးရင်း မျက်ဝန်း​တွေကို တင်းတင်း​စေ့ကာ ​​ခေါင်း​လေးကို ခါရမ်းရင်း ကြောက်ရွံ့တုန်ရီ​​နေတာ ကျွန်​တော့်နှလုံးသား တစ်ခုလုံးကို ဆွဲရမ်းတင်းကြပ် ပစ်နေသလိုပါပဲ.....

🖤 : Saint~~~~ ရရဲ့လားဟင် ဘာမှ မဖြစ်ဘူး​နော်....မခိုင်းမိဘူးမလား....ရုတ်တရက်မို့လို့.....လာလာ ငါ့ကိုတွဲပြီး ထကြည့်.....

ပြီးခဲ့တဲ့ Accident ကြီး ဖြစ်ပြီးကတည်းက ဟွန်းသံ ကျယ်ကျယ်​တွေကိုရုတ်တရက်ကြားရပြီဆိုရင် မခံစားနိုင်တာပါ....

အဲ့ဒီ အဖြစ်အပျက်ကြီးကို ပြန်ပြန်မြင်လာရပြီး ကျွန်​တော် ခုလိုမျိုး အရုပ်ကြိုးပြတ်ကျရတာကြီး.........

နား​တွေလည်းအူ​နေပြီး ​ခေါင်းပါမူးလာတာမို့ ဘေးက​နေ သူ​ပြော​နေတာ​​တွေကိုလည်း ​နားထဲ ​ဝင်တစ်ချက် မ​ဝင်တစ်ချက်ပါပဲ......

သူ့ရင်ခွင်ထဲ အလိုက်သင့် မှီကာပြန်တွဲခိုရင်း ကားရှိရာသို့ ကြိုးစား ​​လျှောက်လှမ်းသွားပြီး....

ကားထဲ​ရောက်သည်နှင့် ဘာမှမ​ပြောနိုင်ဘဲ တစ်ဘက်သို့လှည့်၍ မျက်ဝန်းတို့ကို မှိတ်ကာငြိမ်ပြီး​နေလိုက်​တော့သည်......
ခဏဖြစ်ဖြစ် ​အဲ့ဒီအဖြစ်အပျက်ကြီးကို မေ့​မေ့ဆိုပြီး​တော့ပါ......

တွဲ​ခေါ်လာပြီး ကားထဲ​ရောက်တာနဲ့ တစ်ဖက်ကိုလှည့်ပြီး ငြိမ်ကျသွားတာ​ကြောင့် စိုးရိမ်စိတ်က အမြင့်ဆုံးကို​ရောက်​နေရပြီ.....

Classic Love 🖤 ❤Where stories live. Discover now