☕ ❤ 💥 Part 23

845 74 49
                                    

            💥               🔥               🗼

ကျွန်​တော် လမ်း​လျှောက်​နေတဲ့ ​နေရာကို ​သေချာခံစား​ကြည့်မိ​တော့ တိတ်ဆိတ်​နေတဲ့​နေရာကြီးတစ်ခု..........

မြင်​နေရတဲ့ အရာ​တွေ ဟာ ကျွန်​တော့်အမြင်​အာရုံတွေ​ကပဲ ဝေဝါး​နေတာလား မြူ​တွေပိန်းပိတ်​အောင်လွှမ်း​နေသလား မသဲမကွဲ........

ပိန်းပိတ်နေတဲ့ အဖြူ​ရောင် အခိုးအ​ငွေ့​တွေကြားထဲ စမ်းတဝါးဝါးနဲ့ ဘယ်ကို ​ခြေဦးတည်ထားလဲမသိ ဖြတ်​လျှောက်​နေရင်းမှ........

အနားက​နေ ​ပြေးလွှား​ဆော့ကစား​နေတဲ့ က​လေးတစ်စု.... ​ခြေလှမ်း​တို့ကို တည့်တည့်ဆက်​​ရွှေ့လျားလိုက်​တော့ မြင်လိုက်ရတာက Church ​ကျောင်း​ကလေးတစ်ခု.........

​ဘေးနားက စာသင်​​ဆောင်လို​လေးနဲ့တကွ ​မြေကွက်လပ်အပင်ကြီး ​အောက်မှာ​ ထပ်တွေ့ရတဲ့ က​လေးတစ်စု......

အ​စောကက​​လေး​တွေလို ပတ်​​ပြေး​ဆော့ကစား​နေကြသလို ပုံစံမျိုး​​ မဟုတ်တာကြောင့်
အနားသွားကြည့်လိုက်​တော့ အုပ်စုဖွဲ့ အနိုင်ကျင့်​နေကြသည်မို့.......

💥 : ​ဟေး ဟာ မလုပ်ရဘူး​ ဖယ်ကြစမ်းအချင်းချင်းကို အနိုင်မကျင့်ရဘူး​လေ ​ဟေး ငါ​ပြော​နေတာ ကြား......

ကိုယ့်အ​ရှေ့က က​လေးတစ်​ယောက်ကို လှမ်းဆွဲရင်း​ပြော​တော့ မဖမ်းမိ အ​ငွေ့​တွေလို............

ကိုယ်​ပြောတာကို မကြားကြဘဲ ဝိုင်းအနိုင်ကျင့် ရန်ဖြစ်​နေတဲ့ ဒီက​လေးတစ်စုကို ​ကြောင်အစွာ ​ငေးကြည့်မိ​နေတုန်း က​လေးတစ်ချို့ ကြားမှ ခပ်​ယေး​ယေးမြင်လိုက်ရတာ အနိုင်ကျင့်ခံ​​နေရတဲ့ က​လေးကို...........

မြင်​နေရတာ အဲ့ဒီက​လေးက ကျွန်​တော်ငယ်ငယ်က.......

ကျွန်​တော်ငယ်ငယ်ကပုံရိပ်​တွေ......

ခြေ​​ထောက်တို့ ​ခြွေညွှတ် လဲကျရင်း ​မြေကြီးကိုလက်​နဲ့ထောက်ထားကာ နာကျင်စွာပြန်မြင်​နေရင်း......

ခုရောက်ရှိ​နေတာ ကျွန်​တော် ​သေ​လောက်​အောင် ရင်ကွဲခဲ့ရတဲ့ အချိန်​တွေထဲက တစ်ခုမှာ​ပေါ့........

Classic Love 🖤 ❤Where stories live. Discover now