Unicode >> ☕Love Museum❤ Part 94(N)

51 5 39
                                    

🎃​မနက်ပိုင်းတဖြတ် လည်ပတ်ပြီးတဲ့သူ​တွေက ည​နေနဲ့ညဖက်အစီအစဥ်​တွေမှာ ဆက်လက်ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ခဏအနားယူရင်း အားပြန်ဖြည့်​​နေကြဟန်​......

လည်ပတ်ကြသူ​တွေ ခဏနားကြတာနဲ့အပြိုင် ​​နေအပူရှိန်ကလည်း မြင့်လာတာ​ကြောင့် Creepy corner ဆိုင်ခွဲ​လေးထဲမှာပါ လူ​တွေတဖြည်းဖြည်းနဲ့ စ,များလာ​တော့သည်......

"သီးစုံထမင်း​ကြော်​​လေး ရပါပြီရှင့်.....အားလုံးပဲ သုံး​​ဆောင်ရတာ အဆင်​ပြေရဲ့လား မသိဘူးရှင်??"

"Table no.17က မှာထားတဲ့ အ​အေး​​လေး​တွေ လာပို့​ပေးတာပါ ခင်ဗျ....."

🖤🎃 ဝန်ထမ်းမိန်းက​လေးကို ​​ခေါင်းတစ်ချက်ညိတ်ပြရင်း သူ့လက်ထဲက သီးစုံထမင်း​ကြော် ပန်းကန်ကို လှမ်းယူပြီး စားလက်စ steak ပန်းကန်​​ဘေးနားမှာချလိုက်သည်......

ကျန်တဲ့သူ​တွေက​တော့ မှာယူထားတဲ့အစားအစာ​တွေ အဆင်​ပြေ​ကြောင်း ​ပြန်ပြော​ကြရင်းနဲ့ ကိုယ်စီကိုယ်စီ မှာထားတဲ့ အ​အေးခွက်​တွေကို​ပါ အသီးသီး လှမ်းယူ​​ကြသည်.......

"ဒီ Drink ​လေး ၂ခွက်က​??"

🖤 : ဪ... အစ်ကိုမှာတာ.....

ဝန်ထမ်း​ကောင်​​လေးအ​​မေးကို ပြန်ဖြေ​​လိုက်ရင်း သလဲသီး​ဖျော်ရည်နဲ့ လိ​မ္မော်​​ဖျော်ရည်ခွက်ကို လှမ်းယူပြီး အ​ကောင်​ပေါက်​လေးရဲ့ ထမင်းပန်းကန်​ဘေးနားကို အသာချ​ပေးလိုက်သည်.......

🖤 : ​ငယ်~~ ​ရော့~ လိ​မ္မော်ရည်​လေး နည်းနည်း​သောက်ပြီး​တော့ စား.....နင်​​,နေမှာစိုးလို့.... ကိုမှာထားတဲ့ သလဲသီး​ဖျော်ရည်လည်း မြည်းကြည့်ချင်ရင် မြည်းကြည့်​လို့ရတယ်နော်.....

စကားပြန်မရ​နေလို့ ​​ဘေးကိုတစ်ချက်ပြန်လှည့်ကြည့်​လိုက်တော့ ကျွန်​တော့်အသည်းအသက် အ​ကောင်​ပေါက်​လေးက ကျွန်​တော့်ကို မျက်​တောင်မခပ်စတမ်း ​ငေးကြည့်လို့......

နှုတ်ခမ်းဖူးဖူး​ကလေးမှာတော့ အ​စောက ကျွန်​တော်ထည့်ပေး​ထားတဲ့ ပုစွန်ကင်တစ်ဖဲ့ကိုဖိကိုက်ထားရင်း ကြယ်​တွေ အမြဲတစေအရှုံး​ပေးရတဲ့ မျက်လုံးလက်လက်က​လေးတစ်စုံနဲ့ ကျွန်​တော့်ကို ​ငေး​​​​​စွေကြည့်​နေတာများ မျက်​တောင်ကို မခပ်......

Classic Love 🖤 ❤Όπου ζουν οι ιστορίες. Ανακάλυψε τώρα