☕ ❤ 🍂 🍃 Part 20

941 78 93
                                    

​နေ့သစ်တစ်ခု ​ရောင်နီတို့ကွန့်မြူးလာသည်နဲ့
​ကျေးငှက်တို့၏ ​တေးသီ​နေမှုနဲ့အတူ နံနက်ခင်းရဲ့ ဆည်းလည်းသံ​လေးဖြစ်တဲ့ Robin🐶 ​လေး အသံသဲ့သဲ့က နားဖျားဝလာရိုက်ခတ်​နေတော့ မထချင်​သေးလည်း ထရပြီ​လေ.........

❤ : အင်းးးးးးး Robin🐶~ က​လေး အ​စောကြီး နှိုး​နေတာလား......ဘယ်လိုဝင်လာတာလဲ အခန်းထဲကို......

စကားနည်းနည်း​ပြော​ပေးလိုက်တာနဲ့ များများချွဲ​တော့တာပါပဲ......မျက်နှာတစ်ခုလုံးလည်း သူလာပြီး လျှာနဲ့ရက်တာနဲ့ပဲ မျက်နှာသစ်ထားပြီးကာစလို​ ဖြစ်​နေတာမို့ မနည်းတားရ​တော့သည်..............

❤ : ဟား ဟား ​တော်ပြီ....​တော်ပြီ... အချွဲ​လေး ငါနိုးပြီ နိုးပြီ ​တော်​တော့....မင်း​ဘော်ဒါကြီး Milo🐈 ​ရော....

Milo🐈ဆိုတဲ့အသံကြားတာနဲ့ လျှာတစ်လစ်​လေးဖြင့် တစ်ချက်​​ဟောင်ပြရင်း ကုတင်​ပေါ်ကဆင်းကာ အခန်းတံခါးကို လက်​လေးနဲ့ ကုတ်ခြစ်ပြလိုက် လူကိုကြည့်လိုက်လုပ်​နေသည်မို့ တံခါးဖွင့်​ပေးလိုက်တာနဲ့ အခန်းထဲက ပြန်​ပြေးထွက်သွား​တာကိုကြည့်ရင်း......

Robin​လေး🐶နဲ့ Milo​🐈လေးတို့သံ​ယောဇဥ်ကို ​တွေးမိလိုက်ပြီ......မင်းတို့ကိုပါဘယ်နယ့်လုပ်ရပါ့မတုန်း.... ကိုယ်ပဲအလွမ်းခံပြီး ထားခဲ့ရမှာပါပဲ....တစ်​နေရာတစ်​ကောင်စီ​ဆိုရင် ငါတို့ထက် အလွမ်းကသယ်​နေကြဦးမယ်..........

​တွေး​နေရင်းမှ အခန်းတံခါးပိတ်ကာ ကုတင်​​ပေါ်ပြန်လာထိုင်လိုက်ရင်း ညက ကျွန်​တော့် ချစ်မြတ်နိုးရသည့် အလှနတ်ဘုရားထံမှ ချစ်ခွင့်ပန်ထားခံရတာကို ပြန်​တွေးမိ​တော့ တကယ့်အိပ်မက်​လေးလိုမျိုး........

တစ်ဆက်တည်း ​နေ့ခင်းက Game ​ဆော့ရင်း စက္ကန့်မျှထိ​တွေ့ခဲ့တဲ့ အနမ်းသဲ့သဲ့ကိုပြန်ခံစားရင်း.......

ကိုယ့်နှုတ်ခမ်းလွှာ​လေးကို လက်​လေးနဲ့တို့ထိမိ​တော့ ရင်ထဲက ​နှလုံးတစ်စုံပါမက ခန္ဓါကိုယ်တွင်း စီးဆင်း​​နေတဲ့ ​သွေး​ကြော​များစွာကအစ လှိုက်ခုန်​နေသလို.........

နှစ်နှစ်ကာကာ အပြုံးတစ်ခု နှုတ်ခမ်းလွှာ​လေးထက် ပန်ဆင်လိုက်ရင်း အ​တွေးတို့ကိုရပ်ကာ Robin🐶​လေးရဲ့ အချွဲကောင်းသွားမှု​ကြောင့် တစ်ခါတည်း ရေမိုးချိုးဖို့ပါ ပြင်ရ​တော့သည်........

Classic Love 🖤 ❤Donde viven las historias. Descúbrelo ahora