☕Love Museum❤ Part 90(A)

133 10 85
                                    

Professor Shine 💎 POV

မနေ့က Saint ကို စ​တွေ့လိုက်တုန်းကဆိုရင် ပထမဦးဆုံးအကြိမ် ကိုယ့်မျက်လုံး​တွေကို ကိုယ်မယုံနိုင်​လောက်​အောင်ထိ ဖြစ်သွားခဲ့ရတာ........

မျက်လုံး​အ​ရောင်​က လွှဲရင် ကျန်တာအကုန်လုံး ကျွန်​တော့်ချစ်သူ Shine နဲ့ ​တော်​​တော်ကို တူပါတယ်.......

ဟုတ်ပါတယ် Shine ပါ.....နာမည်အပြည့်အစုံက Sunshineတဲ့..... ကျွန်​တော်က သူ့ကို ချစ်စနိုးနဲ့ Shineလို့ ​ခေါ်တယ်.......

Shineက လွန်ခဲ့တဲ့ ၆နှစ်ကတည်းက ​လောကကြီးထဲက​နေရော ကျွန်​တော့်ဘဝထဲက​နေပါ အပြီးတိုင် ထွက်ခွာ​သွားခဲ့ရတာပါ........အချစ်ကို အချစ်လို့ လက်ခံ​မပေးနိုင်ခဲ့တဲ့ ကိန်းကြီးကန်းကြီးနိုင်လွန်းတဲ့ သူ့မိသားစုအသိုင်းအဝိုင်း​တစ်ခုကြောင့်​ အချစ်အတွက်ကြားထဲက​နေ သူ့အသက်ကို သူစ​တေး​​ပေးသွားရတဲ့ ကောင်​ကလေးတစ်​ယောက်ပေါ့.......

ကျွန်​တော်သိပ်ချစ်ရတဲ့ သူ့ကို ​သေလူလို့ ကျွန်​တော်ဘယ်သောခါမှ မသတ်မှတ်နိုင်ပါဘူး....... သတ်မှတ်မှာလည်းမဟုတ်ဘူး....... လူ​ကသေသွားတာ မှန်ပေမယ့် နာမည်ကို​တော့ ရှင်​နေ​စေ့ချင်တယ်.........

ငယ်ငယ်ရွယ်ရွယ်မှာ အသက်ဆုံးရှုံးလိုက်ရတာ​ကြောင့် စိတ်ထား​ကောင်းတယ်ဆိုတာကလွှဲရင် လူ့ပတ်ဝန်းကျင်မှာ ​တခြားအောက်​မေ့တသပြီး ​ပြောပြစရာ များများစားစားမရှိခဲ့ပါဘူး.......

ဒီ​တော့ ကျွန်​တော့်အသက်ရှင်နေ​သ​ရွှေ့ သူ့ကိုလည်းကျွန်​​တော်နဲ့အတူ ရှင်သန်နေစေ့ချင်တဲ့စိတ်ကဖြစ်လာရတယ်.......

ပြီး​​တော့ Shineလို့ တစ်ခါ​ခေါ်သံကြားတိုင်း ကျွန်​တော်ချစ်ရတဲ့ သူ့ကို မြင်​ယောင်လာ​အောင်လို့ ကျွန်​တော့်နာမည်အရင်းကို​မေ့ထားပြီး ​သူ့နာမည်ဖြစ်တဲ့ Shineကို သေချာပြောင်းလဲပစ်ခဲ့တာပါ.......

ကျွန်​တော့် နာမည်အရင်းက Romeo....... ကျွန်​တော်က မိဘမဲ့တစ်​ယောက်.......ဆင်းလည်းဆင်းရဲတယ်..... ပြီးတော့ ခပ်ဆိုးဆိုး ဦး​လေးတစ်​ယောက် ကျွန်​တော့်မှာရှိတယ်........ကျွန်​တော် အလယ်တန်းပြီး​တော့ ဦး​လေးရဲ့ စီးပွားရေးကလည်း ချွတ်ချုံကျလာတယ်...... ​နောက်ထပ် ဆက်လုပ်သမျှကလည်း ဘာတစ်ခုမှမဖြစ်​​ထွန်းလာတော့ ကျွန်​တော့်ကို အလုပ်ထွက်လုပ်ခိုင်းရင်း သူက​တော့ အရက်​သောက်လိုက် ​လောင်းကစားလုပ်လိုက်နဲ့​ ဖြတ်သန်း​တော့တာပေါ့......

Classic Love 🖤 ❤Where stories live. Discover now