☕Love Museum❤Part 92(I)

117 11 92
                                    

ဒီ အပိုင်းထဲမှာပါဝင်တဲ့ Eternal Eclipseရဲ့ Shape of lies(သူက သီချင်း​​တော့မဟုတ်ဘူးဗျ။တီးလုံး သံစဥ်ကြည့်ပဲ။)နဲ့ Ed sheeran ရဲ့ Photographဆိုတဲ့ သီချင်း၂ပုဒ်ကို အရန်သင့် ကြိုပြင်ထား​စေချင်ပါတယ်။ ကွက်တိလည်း ထည့်​​ရေးပေးထားပါတယ်။ အကယ်၍ မ​ဒေါင်းချင်ဘူးဆိုရင်လည်း ဖတ်ရင်းနဲ့မှနား​ထောင်လို့ရပါတယ်။ခင်ဗျားတို့သ​ဘောပါ။ တွဲပြီး​​တော့နား​ထောင်မှ ☕❤တို့ ခံစားချက်​တွေကို နားလည်နိုင်မှာလို့ ကျွန်​တော့်အ​နေနဲ့ ယူဆမိလို့ ဖြစ်နိုင်မယ်ဆိုရင်​တော့ တွဲပြီး​တော့​​ဖတ်​စေချင်ပါတယ်။

×  ×   ×   ×   ×   × ☕❤ ×   ×   ×   ×   ×   ×

🍷🏰 ညစာ ထမင်းစား​ပြီး​တော့မှပဲ ​Milo ​​ကောင်းမှုနဲ့ လက်မှာရထားတဲ့ အခြစ်ဒဏ်ရာကို ​ဆေးထည့်ဖို့ ထပ်ကြိုးစားရ​ဦးမည်.......

အ​စောက ​ဆေးထည့်ဖို့သွား​ပေမယ့် ဒီလက်ကဒဏ်ရာကို ​ဆေးထည့်ဖို့မ​ပြောနဲ့.....နေ့တဒူဝတစ်ဖက်သတ်အချစ်က​နေရတဲ့ ဒဏ်ရာ​တွေကို​​တောင် မကုနိုင်​​သေးတာလို့ ထိုင်​တွေးပြီး ဝမ်းနည်းသွားမိတာက တစ်​ကြောင်း ၊ ကိုယ်က ညာသန်ဖြစ်​​နေတော့ ဘယ်ဘက်လက်နဲ့ လုပ်ရတဲ့အရာ​တွေဆိုရင် Toilet သုံးတာနဲ့ ဘီယာ​သောက်တာကလွှဲလို့ ကျန်တဲ့ ဘယ်အလုပ်မှကို အဆင်မ​ပြေပါဘူး.......

​ဆေးထည့်ဖို့ ဂွမ်းကိုအရင် အရက်ပြန်တို့လိုက်ပြီး အနာ​ပေါ်ပွတ်မယ် လုပ်ရင် လမ်းတစ်ဝက်မှာတင်ဂွမ်းကပြုတ်ကျလိုက် အရက်ပြန်ပုလင်းက​မှောက်ပြလိုက်နဲ့.....

အရက်ပြန်နဲ့ အနာက ခုထိကို ထိချင်ပါရက်နဲ့ မထိသေး...... ​မြင်တွေ့​နေပါရက်နဲ့ အချင်းချင်း မိတ်မဆက်ကြရ​​သေးသလိုမျိုး ဖြစ်​​နေရတယ်ဆိုပါ​တော့ဗျာ........

စံအိမ်က ဝန်ထမ်းက​​လေးတစ်​ယောက်ကို ခိုင်းရမှာလည်း ခပ်လန့်လန့်ပါ.....ကိုယ့်အနာကို ကိုယ်တိုင်ဆေးထည့်ရတာကျ​တော့ အနာအတိမ်အနက်ကို နားလည်​​နေတော့ လက်ကအရမ်းကာ​ရော မလုပ်ဖြစ်ဘူး​လေ......

သူများကိုခိုင်းလို့ လက်ရဲဇတ်ရဲရှိတဲ့​ကောင်ဆိုရင်လည်း အနာက နဂိုကတည်းကမှနာ​နေရတာ ​ဆေးထည့်လိုက်လို့ ထပ်နာမှာဆိုရင် ၂ခါပြန်နာသလိုကဖြစ်ရဦးမယ်........

Classic Love 🖤 ❤Where stories live. Discover now