☕Love Museum❤ Part 94(C)

119 8 102
                                    

❤🏰 အ​​ပေါ်ထပ်တက်​နေရင်း ​လှေကားထစ်တစ်ဝက်​နားလောက်​ရောက်​တော့ ဖုန်းတ​ပြော​ပြောနဲ့ ပြေးဆင်းလာဟန်ရှိတဲ့ ဝန်ထမ်းတစ်​ယောက်ကို မြင်လိုက်​တာ​ကြောင့် ​ဘေးတစ်ဖက်ကို အသာကပ်​​​ရပ်​ပေးလိုက်ပြီး​ သူ့ကိုအရင်ဆင်းခိုင်းလိုက်ရသည်.........

"ဟာ!.....အဲ့လိုကြားထားတာလား? P'.....ဒါဆိုရင် အမြဲတမ်းဝန်ထမ်း​တွေက ဒီ​​နေ့ လခထုတ်လို့မရ​ဘူး​ပေါ့ ဟုတ်လား??

ကျစ်! စိတ်ညစ်တယ်ဗျာ....ကျွန်​တော်က ဒီ​နေ့လခထုတ်မယ်ဆိုပြီး အ​စောကတင် အ​မေ့​ခွဲစိတ်ခနဲ့ဆေးရုံစရိတ်​တွေကို ဒီ​နေ့​ည​နေရှင်းပေးမယ်လို့ ​ဒေါ်​လေးကိုပြောထားတာ......"

"......."

"ဟင်းးးးဘယ်တတ်နိုင်မလဲဗျာ......ဘာမှမှလုပ်လို့မရဘဲ......P'ပဲ​ခုပြော​နေတာ​လေ လခက မနက်ဖြန်မှပဲ ထုတ်လို့ရမှာဆို....."

"........"

"အင်း....သူ​ဌေးတို့ဘက်မှာလည်း အခက်အခဲ​တွေရှိ​နေလို့ ခုလိုဖြစ်သွားရတာကို ကျွန်​တော်က နားလည်ပါတယ်.....ဒါ​ပေမယ့် P'ရာ ကျွန်​တော်တို့လည်း ဘဝ​တွေနဲ့​လေဗျာ.....

ပိုက်ဆံလိုချင်လို့ပဲ အလုပ်ဝင်လုပ်​နေတာ​လေ P'ရ.....ပိုက်ဆံရမှပဲ ဘဝထဲက အခက်အခဲ​တစ်ချို့ကို ​ဖြေရှင်းလို့က ရမှာ​​လေ......"

"........"

"ဟူးးးးး ~ ကျွန်​တော် အခု အဲ့ဒါ အ​​မေ့ကို ဘယ်လို​လုပ်​ပေးရမလဲ​တောင် မသိ​​တော့ဘူးဗျာ.....​ဒေါ်​လေးကိုလည်း ဘယ်လို​လှမ်းပြောထားရမလဲ မသိ​သေးဘူး......"

ကျွန်​တော့် ​ဘေးနားက​နေ​ပြေးဆင်းသွားတဲ့ အဲ့ဒီဝန်ထမ်း​က​လေးရဲ့ ဖုန်း​ပြောသံတစ်ချို့ကတော့ ကျွန်​တော့်အကြားအာရုံထဲမှာ စွဲမြဲကျန်ရစ်လို့.......

Resortက အမြဲတမ်းဝန်ထမ်း​တွေကို ဒီ​နေ့လခထုတ်မ​ပေးနိုင်ဘူးတဲ့လား???? ဘာဖြစ်လို့များလဲ???

ခါတိုင်း လကုန်ရက်​ရောက်တာနဲ့ Resortက ဌာနအလိုက် ဝန်ထမ်းအားလုံးကို လစာအကုန်​ပေး​ချေပြီးသားဖြစ်​အောင်လို့ ဘဏ္ဏာထိန်းကြီးက စီစဥ်​ပေး​ထားနေကြပါ......

ဒီလကျမှ ဘာများအခက်အခဲရှိလို့လဲ မသိ..... သေချာ​လေးသိရ​အောင် ဘဏ္ဏာထိန်းကြီးကိုတစ်ချက်လှမ်း​မေးကြည့်မယ်လို့တွေးရင်း ဖုန်းကလည်းအခန်းထဲမှာကျန်​နေခဲ့တာ​ကြောင့် အခန်းကိုပဲ အမြန်ပြန်ခဲ့လိုက်ရပြီ.......

Classic Love 🖤 ❤Where stories live. Discover now