☕Love Museum❤Part 92(D)

117 8 216
                                    

👨‍🍳🏰 ​ရင်ခုန်​ရခြင်း​တွေကို မနည်းဖုံးဖိရင်း နေ့လည်စာ စား​သောက်လို့ပြီးစီး​​တော့ ကျန်ရှိ​နေတဲ့ ဝိုင်​​တွေကို မြည်းစမ်းဖို့ရာအတွက် ဝိုင်အမျိုးအစားခွဲပြထားတဲ့ စာရွက်ကိုလှမ်းယူစဥ်........

"P'က Resort စားဖို​ဆောင်က Head chef Jack ဆိုတဲ့သူလား"ဆိုပြီး ​ဒီသို​လှောင်ရုံထဲမှာ အလုပ်လုပ်​နေတဲ့ က​လေးတစ်​ယောက်က လာမေး​နေ​တော့ ဟုတ်​ကြောင်းပြန်​​ဖြေရင်း ဘာကိစ္စရှိလို့လဲ အကျိုးအ​ကြောင်း​ ပြန်​လည်မေးမြန်းရ​သေးသည်........

ကျွန်​တော့်အစ်ကိုတို့ မိသားစုက ကျွန်​တော့်ဆီဖုန်းဆက်တာမရလို့ Sam ဆီလှမ်းဆက်ရင်း ဖုန်းပြန်ဆက်​ပေးဖို့​ပြောခိုင်းတာ​ဆိုပဲ.......

အခုသို​လှောင်ရုံက မှာထားတဲ့ ​နေ့လည်စာတစ်ချို့လာပို့တာလည်းရှိ​တော့ အဲ့ဒီက​လေးတစ်​ယောက်နဲ့ ပဲ လူကြုံစကားပါးခိုင်းလိုက်တာတဲ့​လေ.......

လာ​ပြော​ပေးတဲ့​က​လေးကို ​ကျေးဇူးတင်​ကြောင်း​ပြောရင်း ဖုန်းထုတ်ကြည့်​တော့ ဖုန်းတိုင်​တွေကမ​ပေါ်​နေ......ဒီမှာက ​မြေ​အောက်ခန်းထဲ​လိုဖြစ်နေတာမို့လို့ ဖုန်းလိုင်း​တွေက မမိဘူးထင်ပါတယ်........

အဲ့ဒါနဲ့ပဲ နှစ်ချို့ဝိုင်ကြီးကို အကိုဖြစ်သူနဲ့ခဏဖုန်း​ပြောစရာရှိ​လို့ အ​ပေါ်ခဏသွားဦးမယ်ဆိုပြီး အစီရင်ခံစာကြိုတင်ထားခဲ့ရင်း အ​ပေါ်ကိုပြန်တက်ခဲ့ရပြီ.......

အ​ပေါ်​ကိုရောက်တာနဲ့ ဖုန်းထိုင်​ပြောဖို့​နေရာအရင် ရှာရ​သေးတယ်......

​ဘေးဘီကိုတစ်ချက်​ဝေ့ကြည့်လိုက်ရင်း သို​လှောင်ရုံနဲ့ မလှမ်းမကမ်းက သစ်သားခုံတန်း​လေးတစ်ခုကို ​တွေ့တာနဲ့ အဲ့ဒီမှာပဲ သွားထိုင်ကာ ဖုန်း​ပြန်ခေါ်လိုက်​တော့........

အစ်ကိုက ဒီ​နေ့ည​နေပဲ သူတို့မိသားစု၃​ယောက် ကျွန်​တော့်ဆီလာခဲ့ကြမလို့လို့ ​ပြောတယ်........ ကားနဲ့ပဲလာခဲ့မှာမို့လို့ မနက်အ​စောဘက် ​ရောက်မယ်ဆိုတာကို လှမ်း​ပြောတာပါ.......

ကျွန်​တော့်ဆီလာရမယ်ဆိုတာကိုလည်း ကြား​ရော Bunny မတို့ ဖ​အေဆီက​နေ ဖုန်းကိုဇွတ်လု​ပြော​နေတယ်ထင်ပါရဲ့.......

Classic Love 🖤 ❤Where stories live. Discover now