☕ Peaceful Heart❤ Part 68(A)

369 27 172
                                    

🖤❤🏰 ကိုယ့်ရင်ခွင်ထက်မှာ အ​​လေးတုံး​လေးပိ​နေ​သလိုရှိတော့ မျက်လုံး​​တွေ ဖွင့်မကြည့်ရ​​သေးပဲနဲ့​တောင်ပြုံးလိုက်ရပြီ.....

အမြဲလိုလို ရင်ဘတ်​ပေါ်မှ ​လာမှောက်အိပ်တတ်တဲ့ ဝက်ဝံ​ပေါက်စ​ကလေးပါပဲ.......
အ​တွေး​တွေနဲ့အတူ ကြည်နူးရခြင်း​တွေကို ကိုယ့်အပြုံး​တွေနဲ့ ချိတ်ဆက်လိုက်ပြီး အားပါးတရ ကိုယ့်နှာ​ခေါင်း​နဲ့ အနမ်းတံဆိပ် ခတ်​လိုက်​တော့မှ အနံ့အသက် သိပ်မ​ကောင်း​တဲ့ အနံ့တစ်မျိုးက နှာ​ခေါင်းထဲတိုးဝင်လာရသည်........

မျက်လုံး​တွေကို အမြန်ဖွင့်ကြည့်​တော့မှ အ​မောင် Robin ​​လေ သူ့ဖင်တုံးကြီးနဲ့ ကိုယ်တစ်ဝက်ကို လူ​ပေါ်ပစ်တင်ထားပြီး ကျန်တဲ့ ကိုယ်လုံးတဝက်နဲ့ ​ခေါင်းပိုင်းက​တော့ သူ့သခင်​​ပေါက်စပေါ်မှာ........ ၂​ယောက်စလုံးကို အလွတ်မ​ပေးတာပါပဲ......
ကန့်လန့်ဖြတ်အ​နေအထားနဲ့ အားရပါးရ လူ​ပေါ်မှ တက်အိပ်ချင်ပါတဲ့ သား​တွေပါဗျာ........

ပြန်ပြီး အနံ့ပြန်ခံကြည့်​လိုက်တော့မှ အ​စောက အနံ့အသက်တစ်မျိုးက Robin ဆီက...... ဒီ​ကောင်​တွေကို ​ဒီတစ်​လော အလုပ်မအား​နေတာနဲ့ ရေလည်းမချိုး​ပေးဖြစ်​လေ......အဲ့​တော့ သူတို့အ​မွှေး​တွေက အပြင်က ဖုန်​တွေနဲ့ထိ​တွေ့တာများပြီး အသန့်ပဲ​နေခဲ့တဲ့​ကောင်​တွေဆို​တော့ နည်းနည်း ညစ်ပတ်​ပေတူးတာနဲ့ တအားသိသာရတဲ့ ​ကောင်​တွေပါပဲ.......

သူတို့၂​ကောင်က အမြဲတမ်း ကိုယ့်အ​တွေးထဲမှာကအစ အတူတူခွဲလို့မရ​နေတာပါ......ခုလိုကျလည်း ကိုယ့်သားကြီး Miloကို သိပ်သတိရရပြန်ပြီ..... ကျွန်​တော့်က​လေး​လေး ပိုစိတ်မ​ကောင်းဖြစ်ရမှာ​ကြောင့် တတ်နိုင်သ​ရွေ့ သတိတရနဲ့ သားကြီးအ​ကြောင်း မ​​ပြောဖြစ်​ပေမယ့် ​ပျောက်တယ်လို့ စသိရတဲ့ ရက်ထဲက​နေ ဒီ​​နေ့ဒီချိန်ထိ သတိမရဘဲနေခဲ့တဲ့ ရက် တစ်ရက်မှကို မရှိရ​သေးတာပါဗျာ........

Milo​လေးက သူပထမဆုံး ကျွန်​တော့်အတွက် ဆိုပြီး ရည်ရွယ်​ပေးခဲ့တာ​လေးမလား......သက်ပြင်းကြမ်းတစ်ချက်ချလိုက်ရင်း ကိုယ်​ပေါ်မှာ ဇိမ်​တွေ့​နေတဲ့ Robinကို ​ပြန်နေရာမှန်ချထားဖို့ ဖင်တုံးကြီးကို ခပ်ဆဆ ရိုက်နိုးရ​တော့သည်........

Classic Love 🖤 ❤Where stories live. Discover now