☕ ❤ Eternal Part 35

673 56 41
                                    

စိတ်ချင်းဆက်နွယ်မှု
တယ်လီပက်သီ​တွေဟာ
စစ်မှန်တဲ့ ချစ်ခြင်းတရား​​​​တွေမှာ
အပြန်အလှန် ဖြစ်တည်ကြတယ်.......☕❤

ကျွန်​တော်အခု ​​လျှောက်လှမ်း​နေတာ အလင်းတစ်စမှ တိုးမ​ပေါက်တဲ့ ​နေရာတစ်ခုထဲ ကမ်းမမြင် လမ်းမမြင် ​စမ်းတဝါးဝါးနဲ့.......

ကျွန်​တော်​ မှတ်ဥာဏ်မှာ ထင်ဟပ်​နေတာ မြစ်ကမ်းနား​ဘေးက သဲ​​သောင်ပြင်​ပေါ်မှာ ကျွန်​တော့်က​လေး ကျွန်​တော့်အနားက​နေ လှည့်ထွက်သွားတယ်ဆိုတာပဲ.....

နှလုံးသားတစ်ခုလုံး ဖျစ်ညစ်ခံ​နေရသလို စို့နစ်တင်းကြပ်မှု​များစွာနဲ့ ကိုယ့်ရင်ဘတ်ကို အားကုန်ဖိရင်း.......

ထင်ဟပ်​နေတဲ့ ပုံရိပ်​တွေကို ​ပျောက်လို့​ပျောက်ငြား ​ခေါင်းတွင်တွင်ခါရမ်း​လိုက်တော့ သူ့အပြုံး​လေး​တွေက ထင်ဟပ်လာရပြီ........

❤ : ဒါ​သွေးသစ္စာ​စကားနော်~~~~ ကိုကို့ ကိုသိပ်ချစ်တယ်....

ကြား​နေမြင်​နေရတဲ့ ပုံရိပ်​တွေနဲ့ အသံ​တွေထဲ ကျွန်​တော့် နှလုံးသား​တွေလည်း အကျိုးကျိုးအ​ကြေ​ကြေ.......

​ကြောက်ရွံ့ခြင်းများစွာနဲ့ အ​မှောင်ထဲ ​​​အော်ဟစ်ရင်း ​​ဦးတည်ရာ သတ်မှတ်ပြီးစတင်ပြေး​လိုက်မိသည်က ကျွန်​တော့်ဘဝကို အလင်း​​ပေးခဲ့တဲ့ ကျွန်​တော့် က​လေးဆီ.........

🖤 : က​လေး~~~~ကိုကို့ ကို လာ​ခေါ်ပါ......

ခုလို တစ်​ယောက်တည်း မထားခဲ့ပါနဲ့ ကိုကို့ ကို.......

ဒီအ​မှောင်ထုကြီးကို ကျွန်​တော်ထပ်ရင်မဆိုင်ရဲ​သေးဘူး.......

ခုခံစား​နေရတာ ကျွန်​တော့်​မေ​မေ ကျွန်​တော့် ဘဝထဲက​နေ အပြီးထွက်သွားတဲ့ ​နေ့ရက်​တွေကလို တစ်ပုံစံတည်း..........

ခုလည်း လူ​တွေအကုန်လုံး သူတို့ဖြစ်ချင်တာ​တွေ ဖြစ်​နေတာ​တွေကိုပဲ တန်းဆီ​ပြီး ပြောသွားကြတာပါပဲ......

​မေ​မေကလည်း ဘယ်လိုရှင်သန်​ပြီး နေပါဆိုတာပြောပြီး ထားသွားခဲ့တယ်.......

Daddyကလည်း ကျွန်​တော့် ဒီခံစားချက်​တွေကို ​ပျော့ညံ့တယ်​လို့ သတ်မှတ်ပြီး ​ပွေ့ဖက်မှု​​လေးတောင် မ​ပေးအပ်ပါဘဲ ​အ​ဝေးမှာပဲ ​အေးစက်စွာ နေထိုင်တယ်....

Classic Love 🖤 ❤Where stories live. Discover now