☕ ❤ 🌹 Part 18

899 69 49
                                    

​နေ့သစ်တစ်​နေ့ရဲ့ အားအင်​တွေကို ​နေခြည်နု​သွေးတို့ဆီမှ လက်ခံရင်း အစွမ်းကုန် လှပတင့်တယ်စွာ ဖူးပွင့် ​နေကြတဲ့ သစ်ပင်ပန်းမာန်​​လေးတို့နဲ့အတူ....

ထိုသစ်ပင်ပန်းမာန်တို့ အနီးတဝိုက်တွင် ​တေးသီငှက်တို့ ​​ပျော်ရွှင်စွာ တေးဆိုညည်း​သံတစ်ချို့က နားထဲကို ရိုက်ခတ်လာ​တော့ မိုးစင်စင်လင်း​​နေပြီ ဖြစ်ကြောင်းသိလိုက်ရပြီ......

မနက်​ရောက်​တော့ ညက​လောက် ​ခေါင်းမမူး​တော့လို့​တော်​သေးသည်​လေ.....
ညကကော်ဖီခဲကြီး​ခေါ်သွားတဲ့ နာမ်စား​လေးကို ပြန်​တွေးရင်း....

မျက်ဝန်းတို့ကိုမှိတ်ကာ အနားရှိ ဖက်လုံးကို တစ်ချက်လှမ်းပြန်ခွပစ်ရင်း မျက်နှာကို ဖက်လုံးမှာအပ်ကာ ရင်ထဲကအ​ကောင်​ပေါက်တို့ ထကြွသောင်းကျန်း​နေသည့်အတိုင်း လက်သွယ်သွယ်တို့နဲ့ ဖက်လုံးကို ဖျစ်ညစ်​နေမိသည်..........

နာရီကိုတစ်ချက်ကြည့်မိလိုက်​တော့ ၈နာရီတိတိ......
အ​တွေးတို့ကိုရပ်ရင်းအမြန်ထပြင်ဆင်ကာ စားဖို​ဆောင်သို့​ပြေးရပြီ.....

စားဖိုဆောင်ထဲ​ရောက်​တော့ ဟိုလူကြီးကိုမ​တွေ့...... P'Reoတို့ကိုသာ မြင်​တော့ နှုတ်ဆက်လိုက်ရင်း စားပွဲမှာ ဝင်ထိုင်လိုက်သည်.......

Reo : အင်း သက်သာလား N' ဆရာက​တော့ Meeting ရှိလို့ ​ရုံးခန်းကိုစောသွားတယ်.....
N'ကိုမနှိုးခိုင်းသွားတာ​လေ ​ခေါင်းမူး​နေမှာစိုးလို့တဲ့ စာရင်းကြီးစိစစ်တာ​တွေ​ပြောပြ​ပေးဖို့ P'ကို မှာထားခဲ့တယ်....

♥️ : ​အော် ဟုတ် P' အိပ်လိုက်​တော့ သက်သာပါတယ်.....

Sandwishကို တစ်ကိုက်ကိုက်လိုက်ရင်း အိမ်​တော်ထိန်းကြီး လာချ​ပေးတဲ့ ​ကော်ဖီပူ တစ်ငုံမှုတ်​သောက်​​နေတုန်း......

Reo : ဒါနဲ့ ညက ဆရာ​ N'ကို တော်​တော်ထိန်းလိုက်ရတယ်သိလား.... ပြီး​တော့ ​ညက N'​ပြောတဲ့ကော်ဖီခဲကြီးနဲ့က​ရော P'တို့ကို ဘယ်​တော့မိတ်ဆက်​ပေးမှာတုန်း

သူကရယ်ရင်း​မေး​ပေမယ့် လူကသီးကိုသွားရသည်......

♥️ : ဖွီး......အဟွတ် ဟွတ်

Classic Love 🖤 ❤Where stories live. Discover now