☕ ❤ 💥 Deeply Part 33

663 65 40
                                    

ချစ်ခြင်း​​မေတ္တာဆိုတဲ့
ခံစားမှုက သိမ်​မွေ့ နက်ရှိုင်းလွန်းတယ်.......

ရှင်သန်ရာဘဝ တစ်​ကွေ့မှာ
အမှတ်တမဲ့ ဝင်တိုက်မိယုံနဲ့

သံသရာဆုံးထက် ​ကျော်လွန်တဲ့
ရစ်တွယ်မှုမျိုးနဲ့ နှလုံးအိမ်မှာ
တွယ်ငြိသွားရခြင်းမျိုး​တွေ........☕❤💥

☕🏰 မိုးလင်းကတည်းက ​က​လေးဆီက ဘာတုံ့ပြန်မှုမှ မရတာ​ကြောင့် နေလို့မ​ရတာ ခု​နေ့လည်၁၂​ကျော်သွားခဲ့ရပြီး ည​နေ​တောင်​ရောက်ရ​တော့မယ်​လေ........

ကျွန်​တော့်က​လေး​​ပေါ့ ဖုန်းဝင်​ပေမယ့် လုံးဝကို မကိုင်ဘူး​....
P'Joကိုဆက်တော့လည်း ထိုနည်း၄င်းပဲ......
အဲ့ဒါနဲ့ လိုင်းတက်ကြည့်​တော့ လိုင်း​ပေါ်ရှိ​ကြောင်း Accက မီးစိမ်း​​လေးက​ပြောပြတယ်​လေ....

ကျွန်​​တော် စာ​တွေ ​တောက်​လျှောက် ​ကျွန်​တော့်က​လေးကို ​ပြောပြချင်တဲ့ စကား​တွေ အ​တွေးထဲ​ရောက်လာသမျှကို ပို့ကြည့်တယ် လုံးဝ Seen မဖြစ်ဘူး.......

🖤📲 : က​လေး ကိုကို မှားပါတယ်.....

🖤📲 : က​လေး ကိုကိုဖုန်းကို ကိုင်​ပေးပါကွာ​နော်......

🖤📲 : က​​လေး~~~ ကိုကို့ကို ခွင့်လွှတ်​ပေးပါ.....

🖤📲 : က​လေး~~~ ကိုကို က​လေးကို သိပ်လွမ်းတယ်.....

တခြားလူသာဆိုရင် ခုလိုလုပ်ပုံ​တွေကို ​ကျွန်​​​တော် တုံ့ပြန်မှု​တွေက တွေးရဲစရာကိုရှိမှာမဟုတ်.... ခုက ကျွန်​တော့် တန်ဖိုးထားချစ်မြတ်နိုးရတဲ့ က​​လေး​လေးဖြစ်​နေလို့​လေ......

🖤📲 : က​လေးသိလား ကိုကို မကြိုက်တာ​တွေ က​လေးပြုမူရင်​တောင် အမြဲ ချွင်းချက်က​​လေးအဖြစ်နဲ့ ကိုကိုက ချစ်တယ်......

🖤📲 : က​လေး~~ ထမင်း​တော့စား​နော်.... အဆာမခံနဲ့.....

🖤📲 : ကိုကိုက မ​ကောင်းတဲ့​ကောင်ပါကွာ.....ကိုကို့ကို ခုလိုအပြစ်​ပေးသင့်ပါတယ်....... စိတ်ဆိုး​နေလည်း က​လေးစိတ်ဆိုး​​ပြေတဲ့ထိ ကိုကို​ချော့​ပေးမှာမို့လို့ ဖုန်း​လေး​တော့ ကိုင်​ပေး​ပါ က​လေးရယ်​နော်.....

🖤📲 : မြင်မြင်သမျှ အစိမ်း​ရောင်​တွေကို ကိုကို မုန်းမိ​တော့မယ်ထင်တယ် က​​လေးရယ်......

Classic Love 🖤 ❤Where stories live. Discover now