☕Pandora Box ❤ Part 77(B)

240 19 156
                                    

👨‍🍳🏰 အကို​လေး Perthက အလှူမှာ Food truck ထည့်ဖို့ကိစ္စ​ ပြောဖို့ ဒင်းကြီး🍷ကို ဖုန်းဆက်လည်းမရ ရှာလည်း မ​တွေ့​နေလို့ဆိုပြီး ဥက္ကဌတို့နဲ့ ​ပြော​နေသံကြား​တော့ ကိုယ်ကပဲမ​နေနိုင်မထိုင်​တွေဖြစ်ပြီး ညကသူနည်းနည်း သောက်ထားကြောင်း ဝင်​ပြော​​ပေးလိုက်တော့မှ ကိုယ့်ရှူးကိုယ်ပက်သလို ဖြစ်သွားရပြီ.......

ကျောင်းကို ​သူတို့ကအရင် ရှေ့က​​နေကြိုသွားထားနှင့်ပြီး အလှူပစ္စည်း​တွေကို အရင်လှူထားလိုက်မယ်.... Food Truckစီစဥ်ပြီး ၂​ယောက်​​သား နောက်က​နေ လိုက်ခဲ့ပေးကြပါတဲ့​လေ.........

ကိုယ့်ကို ပြန်တာဝန်ယူခိုင်းလိုက်တာကိုပဲ ကျေးဇူးတင်ရမှာလား..... ဒင်းနဲ့ သတ်ရမှာကို​တွေးပြီး စိတ်ညစ်ရမှာလားကို မသိ​တော့.........

အ​ရေးထဲ ဟိုသွားထပ်နဲ့အ​ကောင်က P'Reoတစ်​ယောက် ညကနည်းနည်းlimitလွန်သွားလို့ အမူး​ပြေ​အောင် အရင်လုပ်​ပေးလိုက်ဦးဆိုပြီး ပြုံးစစနဲ့မှာ​တော့ ​​ဒေါသ​တွေက ​တော်​တော်ကိုထွက်ရ​သေးတယ်........

ဒါဆို ဒင်းက သွားထပ်ပါတဲ့အ​ကောင်နဲ့ ညက Mini Bar​​တောင် သွားထိုင်တယ်​ပေါ့.....ကျက်သ​ရေတုံးလိုက်တာမှ တအားပဲ... Resortက ဦးစီးကျင်းပတဲ့ ပွဲ​တော်ရက်​​တွေကလွှဲပြီး တခြားရက်​တွေမှာ ဘယ်တုန်းကမှ အရက်အပြင်း​တွေ မ​​သောက်ခဲ့တဲ့လူက မ​နေ့တ​နေ့ကမှ ခင်တဲ့​ကောင်နဲ့ သွား​သောက်လာပြီး လူမှန်းသူမှန်းမသိ​အောင် မူးလာသတဲ့........

👨‍🍳 : ကြားလို့ကို နည်းနည်းမှမ​ကောင်းဘူး......အဲ့ဒါကို တစ်ခါထဲအပြင်မှာ အန်ခဲ့ပါ့လား.......အန်​တော့မှ ငါ့​ပေါ်လာအန်တယ်........​

​တွေးရင်း​တွေးရင်း ​ဒေါသ​တွေ တအားထွက်လွန်းလို့ အသား​တွေ တဆတ်ဆတ်တုန်ရလာတဲ့အထိ.......

ပါးစပ်ကသာ စက်သေနတ်ပစ်သလို ​ပြောဆို​နေ​ပေမယ့် စားဖိုမှူးဆို​တော့လည်း မချက်ပြုတ်ရရင် မ​နေနိုင်ပြန်......အထူးသဖြင့် ကိုယ်ခင်ရတဲ့ဒင်းအတွက်ဆို​တော့ ပိုပြီးလျစ်လျူရှုလို့က မရနဲ့.......

အမူးသက်သာ​အောင်ရယ် ၊ အရက်နာကျ​နေတာ​သက်သာ​အောင်လို့ အရက်နာကျရင် စားလို့သင့်တင့်တဲ့ စားစရာတစ်ချို့နဲ့ ဟင်းတစ်ချို့ကိုပါ ​တွေး​ပေးပြီး ​ဒင်းအတွက် မနက်စာအပြင် နေ့လည်စာပါ အလိုက်တသိချက်​ပေး​နေမိတဲ့အထိ.....

Classic Love 🖤 ❤Where stories live. Discover now